“ဧည့်စာရင်းတိုင်စရာ မလိုအပ်တော့” ------ ------- ------ ------ အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် ဧည့်စာရင်းတိုင်ရန်မလိုသည့်အချက်ပါဝင်သော ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကို ပြည်သူ့လွှတ်တော်က ထပ်မံအတည်ပြုလိုက်သဖြင့် ဧည့်စာရင်းတိုင်ကြားရန် မလိုအပ်တော့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၉ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဆွေးနွေးရာတွင် ဧည့်စာရင်းတိုင်ကြားရန်မလိုသည့်အချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အမျိုးသားလွှတ်တော်၏အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က ထပ်မံအတည်ပြုလိုက်ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ထပ်ဆင့်ဆွေးနွေးရန်အလိုအပ်တော့ဘဲ အတည်ပြုလိုက်ပြီဖြစ်သည်။ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ဧည့်စာရင်းတိုင်ကြားမှုပယ်ဖျက်ခြင်းကို ၂၀၁၆ ဇွန်လကကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ @LH
Source : http://ift.tt/2dafjCv
via IFTTT
No comments:
Post a Comment