Tuesday, October 11, 2016

7Day News Journal

မောင်တောဒေသ တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်တစ်ရက် အောက်တိုဘာ ၁ဝ ရက် မွန်းလွဲ၌ မောင်တောမြို့နှင့် နှစ်မိုင်ခန့်အ ကွာ မြို့သူကြီးဘင်္ဂါလီကျေးရွာ နှင့် သောင်ပိုင်ညာ ဘင်္ဂါလီကျေး ရွာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်စဥ် ကျေးရွာ အတွင်းမှ ပြန်လည်ခုခံတိုက်ခိုက် သဖြင့် ပစ်ခတ်မှုများဖြစ်ပွားကာ ဘင်္ဂါလီခုနစ်ဦးကို အသေရရှိ ကြောင်း နယ်ခြားစောင့်ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ထို့အပြင် နယ်ခြားစောင့် ရဲ ဌာနချုပ်နှင့် ၁ဝ မိုင်ခန့်အကွာ ဦးရှဥ့်ကျဘင်္ဂါလီကျေးရွာတွင် လုံ ခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်စဥ် ရွာအတွင်းမှ လူများက ရွာထဲသို့ အဝင်မခံဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံမှ သေနတ်လုခြင်း၊ တုတ်၊ ဓားများဖြင့် ပြန်လည်တိုက်ခိုက်ခြင်းများပြုလုပ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြန်လာခဲ့သည်။ အောက်တိုဘာ ၁ဝ ရက် ညနေတွင် တပ်မတော်သားများ တင်ဆောင်လာသော တပ်မ တော် ရဟတ်ယာဥ်နှစ်စီး မောင်တောမြို့ မြို့မအားကစားကွင်းသိို့ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် နေရာများသို့ ချီတက်သွား ကြောင်း တွေ့ရသည်။ မောင်တောနယ်စပ် အခြေ စိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်အပါအဝင် ရဲစခန်းသုံးခု တိုက်ခိုက်ခံရပြီးနောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ အ ရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး လုံခြုံရေးကျိုးပေါက်မှုများမရှိစေ ရန် တပ်မတော်အင်အားကိုပါ တိုးချဲ့ချထားနေကြောင်း သတင်း ရရှိသည်။ မောင်တောတွင် နယ်ခြား စောင့်ရဲစခန်းများ ဝင်ရောက်စီးနင်းခံရပြီး တစ်ရက်အကြာ အောက်တိုဘာ ၁ဝ ရက်၌ မောင်တောမြို့ အခြေအနေသည် မြို့ပေါ်တွင် လူသွားလူလာ နည်းပါးနေပြီး ယာဥ်များလည်း သွားလာမှုမရှိသလောက် နည်းပါးနေသည်။ ထို့အပြင် မြို့တွင်းရှိ စျေးဆိုင်အားလုံးနီးပါး ပိတ်ထားကြသည်။ ဌာနဆိုင်ရာရုံးများ ဖွင့် လှစ်သော်လည်း မြန်မာ့စီးပွားရေး ဘဏ်၊ ကမေ္ဘာဇဘဏ်နှင့် ကမ္ဘာ့ ရတနာဘဏ်တို့သည် နေ့လယ် ၁ နာရီခန့်အထိသာ ဖွင့်လှစ်ခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြတ်ကျော်သွားလာမှုကို အောက် တိုဘာ ၉ ရက်ကစတင်ကာ ရက် အကန့်အသတ်မရှိ ပိတ်ထားပြီး ကုန်သွယ်မှု လုပ်ငန်းများလည်း လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပေ။ မောင်တော နယ်စပ်ဒေသ တွင် လုံခြုံရေးအင်အားများ တိုး မြှင့်ချထားနေသော်လည်း မြို့ပေါ် နေဒေသခံများနှင့် ကျေးလက် ဒေသရှိ တိုင်းရင်းသားကျေးရွာ အချို့မှဒေသခံများ ဘေးလွတ်ရာ သို့ တိမ်းရှောင်နေပြီး တိုင်းရင်း သားကျေးရွာများတွင် လုံခြုံရေး မရှိဖြစ်နေကြောင်း ရွှေရင်အေး ကျေးရွာမှ ဦးကျော်သိန်းကပြော ကြားသည်။ နယ်ခြားစောင့်ရဲဌာနချုပ်အ ပါအဝင် စခန်းသုံးခုကို ဝင်ရောက် စီးနင်းသည့် အကြမ်းဖက်သမား များ၏လက်ထဲသို့ လက်နက်နှင့် ကျည်ဆန်များပါသွားခြင်းက ဒေ သခံ တိုင်းရင်းသားများအတွက် အထူးစိုးရိမ်စရာအချက် ဖြစ်နေ ပြီး အဆိုပါလက်နက်များကိုသက် ဆိုင်ရာက ပြန်လည်သိမ်းဆည်း မရနိုင်ပါက မောင်တောနယ်စပ် ဒေသ၏ လုံခြုံရေးမှာ ဆက်လက် စိုးရိမ်နေရသည့် အနေအထား တွင်ရှိနေမည်ဖြစ်ကြောင်း ဒေသ ခံများကပြောကြားသည်။ ‘‘၁၉၄၂ အဓိကရုဏ်းဖြစ််စဥ် ကလည်း ဘင်္ဂါလီတွေက အင်္ဂ လိပ်တွေအပ်ခဲ့တဲ့ လက်နက်တွေ နဲ့ တိုင်းရင်းသားတွေကို တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း သူတို့လက်ထဲမှာ သေနတ်တွေရှိ နေပြီဆိုရင် တစ်ရက်မဟုတ်တစ် ရက်တော့ ပြန်လည်တိုက်ခိုက် လာမှာဖြစ်ပါတယ်’’ ဟု မောင် တောမြို့မှ အသက် (၆ဝ) ကျော် အရွယ် ဦးအောင်ကျော်ညွန့်က ပြောသည်။ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းသုံးခုကို ဝင်ရောက်စီးနင်း ခဲ့သူများသည်ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) နှင့်ဒေသတွင်းရှိ ဘင်္ဂါလီအချို့ပူးပေါင်း လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟုဒေသခံ အများစုနှင့် လုံခြုံရေးတာဝန်ရှိသူများက သုံးသပ်ပြောသည်။ အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ နယ်ခြားစောင့်ရဲဌာနချုပ်၊ ငါးခူရစခန်း၊ ကိုးတန်ကောက်စခန်းတို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်ကိုးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ ထို့နောက် လက်နက်မျိုးစုံ ၅၁ လက်နှင့်ကျည်ဆန် ၁ဝ,၁၄ဝ ဆုံးရှုံးပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများဘက်မှ ရှစ်ဦး သေဆုံးကာ နှစ်ဦးကို အရှင်ဖမ်းမိထားကြောင်း အစိုးရကထုတ်ပြန်သည်။
Source : http://ift.tt/2dgBokq
via IFTTT

No comments:

Post a Comment