ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ် သုံးရက်ကြာမည် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ပြုလုပ်မည့် BRICS နှင့် BIMSTEC ညီလာခံသို့ တက်ရောက်ရန် အောက်တိုဘာ ၁၆ ရက်တွင် အိန္ဒိယသို့ သွားရောက်မည်ဖြစ်ပြီး သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ ‘‘အိန္ဒိယကို ၁၆ ရက်နေ့ သွားမယ်။ ၁၈ ရက်အထိ နေမယ်’’ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက 7Day Dailyကိုပြောသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့်ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံများပါဝင် သော အဓိကထွန်းသစ်စစီးပွား ရေးနိုင်ငံများအဖွဲ့ (BRICS) ညီလာခံနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ဖွဲ့စည်းထားသော BIMSTEC ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မည်ဖြစ်သည်။ လေးကြိမ်မြောက် ပြုလုပ် မည့် BRICS ထိပ်သီးညီလာခံကို ၂၀၁၂ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လက်ခံကျင်းပခဲ့သည်။ BIMSTEC ညီလာခံကို ၂၀၁၄ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံဝန်ကြီးချုပ်က ဖိတ်ခေါ်ထားသည့် နှစ် နိုင်ငံအလည်အပတ်ခရီးစဉ်ကိုလည်း သွားရောက်ရန် ဆွေးနွေးမှု များပြုလုပ်နေကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးကျော်ဇေယျက ပြောကြားထားသည်။ စက်တင်ဘာအတွင်း ဗြိတိန် နှင့် အမေရိကန်သို့ ၁၅ ရက်ကြာ ခရီးသွားရောက်ခဲ့သော နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည်။
Source : http://ift.tt/2dOeuUu
via IFTTT
No comments:
Post a Comment