Thursday, October 13, 2016


ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲ စတင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံကို တရားဝင်ငွေကြေးလွှဲပြောင်းနိုင်ပြီလို့ သိရပါတယ်။ ဒီဝန်ဆောင်မှုကို AGD ဘဏ်နဲ့ True Money တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ ငွေကြေးလွှဲပြောင်းခက အနည်းဆုံး ကျပ်ငွေ ၁၈၁၈ ကျပ် ကျသင့်မယ်လို့ဆိုပါတယ်။ ငွေကြေး လွှဲပြောင်းနိုင်တဲ့ ပမာဏကတော့ တစ်ကြိမ် လွှဲပြောင်းရင် ကျပ်ငွေ ၁၀ သိန်းအထိ လွှဲပြောင်း နိုင်ပါတယ်။ ငွေကြေးလွှဲပြောင်းသူကို True Money က မိုဘိုင်းဖုန်းကနေ ကုဒ်နံပါတ်တစ်ခု ပို့ပေးလိုက်မှာပါ။ ဒီကုဒ်နံပါတ်ကို ငွေလွှဲပြောင်းသူက ငွေထုတ်ယူသူကို ပြောပြရမှာလည်းဖြစ်ပါတယ်။ ငွေထုတ်ယူသူအနေနဲ့ကတော့ ကုဒ်နံပါတ်ရရှိခဲ့ရင် မှတ်ပုံတင်နဲ့အတူ နီးစပ်ရာ AGD ဘဏ်ခွဲ ၅၅ ခု အပြင် True Money ကိုယ်စားလှယ်ပေါင်း ၄ ထောင်ဆီမှာ ငွေသားထုတ်ယူနိုင်မှာဖြစ်ပါတယ်။
Source : http://ift.tt/2ecdOUZ
via IFTTT

No comments:

Post a Comment