Thursday, October 13, 2016


တောင်ပြိုတွင် ပိတ်မိနေသော ပညာရေး ဝန်ထမ်းများကို ရဟတ်ယာဉ်ဖြင့် ကယ်ထုတ် မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲတွင် ပိတ်မိနေသော ပညာရေးဝန်ထမ်းများနှင့် ဒေသခံများကို အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ ပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်လာပြီဖြစ်ကြောင်း မောင်တောမြို့နယ် မြို့နယ်ပညာရေးမှုးရုံးမှ သိရှိရသည်။ "တောင်ပြိုဘက်က ပညာရေးဝန်ထမ်း ဆရာမတွေကို ဦးစားပေးပီး ရဟတ်ယာဉ်တွေနဲ့ ခေါ်ယူနေပါပြီ ၊အခုရာသီဥတုကောင်းရင်တော့ အားလုံး ဒီနေ့ အပြီး ခေါ်ယူနိုင်မှာပါ၊တစ်ရာကျော်လောက် မောင်တောကို ရောက်ရှိနေပါပြီ"ဟု မောင်တောမြို့ မြိုနယ်ပညာရေးမှုး ဦးခင်အောင်က ပြောကြားသည်။ မောင်တောမြို့နယ် တောင်ပြိုတွင် ပိတ်မိနေသည့် ကျေးရွာပေါင်း ၃၀ ကျော်မှ ဆရာမ ၂၀၀ နီးပါးကို မောင်တောမြို့ပေါ်သို့ နေလည်ပိုင်းမှ စတင်ပြီး ပြောင်းရွေ့နိုင်ခဲ့ကြောင်း မောင်တောမြို့တွင် လုံခြုံရေး ဆောင်ရွက်နေသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှှိတဦးက ဆိုသည်။ လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောခရိုင်အတွင်း စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ၊ ယခု မောင်တောသို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများကို ဘူးသီးတောင်မှတဆင့် စစ်တွေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မောင်တောမြို့ ပညာရေးမှူးရုံးမှ သိရသည်။
Source : https://goo.gl/HR8gLC
via IFTTT

No comments:

Post a Comment