Friday, October 14, 2016

Yangon Media Group

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုကြောင့် ၎င်းတို့အား မှီခိုသူဇနီးသည်များကပါ ကင်းစောင့်နေရသည့် အဖြစ်မျိုးကို ကြားသိနေရသည်ဟု မရမ်းကုန်းမဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ပြောသည်။ ''ရဲတပ်ဖွဲ့အကြီးအကဲနှင့်တကွ အစိုးရအဖွဲ့ဝင် တာဝန်ရှိပုဂ္ဂိုလ်များကို လေးစားစွာ အသိပေးတင်ပြလိုတာကတော့ အစိုးရဆိုတာဟာ ကျွန်မတို့ ပြည်သူတွေရဲ့ လူမှုဘဝ တိုးတက်မြင့်မားရေးကို ဆောင်ရွက်ပေးရမယ့် တာဝန်ရှိသလို ပြည်သူတို့ရဲ့ ဘဝလုံခြုံရေးကို စောင့်ရှောက်ဖို့ တာဝန်လဲရှိပါတယ်။ ပြည်သူတို့ရဲ့ ပြည်သူ့ဘဝ လုံခြုံရေး၊ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ တရား ဥပဒေ စိုးမိုးရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ တာဝန်လဲရှိပါတယ်။ ဒီတာဝန်တွေကို ထမ်း ဆောင်ရာမှာ နိုင်ငံတော်ရဲ့ လက်ရှိအခြေအ နေတွေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဝန်ထမ်းအင်အား လုံလောက်မှု မရှိတာကိုလဲ လေ့လာ စုံစမ်းသိရှိရပါတယ်။ အချို့နေရာတွေမှာ ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာတွေ ကြောင့် မှီခိုသူဇနီးသည်တို့ပါ ကင်းစောင့်ရတဲ့အဖြစ်မျိုးလဲ ရှိနေတယ်လို့ကြားသိရပါတယ်''ဟု ၎င်းက ပြော သည်။ အောက်တိုဘာ ၁၁ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒေါ်မိုးမိုးစုကြည်က ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုး ရေးကို မည်သို့ ဆောင်ရွက်နေသည်။ ရဲတပ် ဖွဲ့ဝင်အင်အား မလုံလောက်မှုကို ဖြည့်ဆည်းရန် မည်သို့ဆောင်ရွက်နေသည်။ ရဲတပ်ဖွဲ့တွင် လိုအပ်သော ခေတ်မီ အသုံးအဆောင်များ ယာဥ်နှင့်စက်ပစ္စည်းများကို ဖြည့်ဆည်းရန် မည်သို့ ဆောင်ရွက်နေသည်။ ဖြစ်ပေါ် လာ သော မှုခင်းများကို ရဲတပ်ဖွဲ့အနေနှင့် မည်သို့ အရေးယူ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းတွင် ၎င်းက ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။ အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင် အောင်ထွန်းက တရားဥပဒေ စိုးမိုးရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လက်ရှိတွင် ရပ်ရွာအခြေပြု ရဲလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ မှုခင်းကျဆင်းရေး အတွက် အဓိကထား ဆောင်ရွက်လျက် ရှိနေသည်ဟု ရှင်းလင်းတင်ပြသည်။ ''တရားဥပဒေ စိုးမိုးရေးအတွက် စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာ စီမံချက်တွေက အားလုံးပြည့်စုံပြီး ဘာ ဖြစ်လို့ မြေပြင်မှာ ဒီလိုမှုခင်းတွေ ဖြစ်နေလဲဆိုတာ မေးနိုင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စီမံချက်ပါအတိုင်း ရာနှုန်းပြည့် ဆောင် ရွက်နိုင်ခြင်း မရှိသေးတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်''ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်း ကပြောသည်။ ရဲတပ်ဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်မှုများဖြစ်သည့် လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ ခြေချုပ်၊ ရဲအက်ကျင့်(၅၄)၊ ဆင်ဆာမဲ့ ဗွီဒီယိုအ မှုများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ ထိရောက်သည့် ကြို တင်ကာကွယ် ဖမ်းဆီးမှုများ၌ ၂ဝ၁၄ ခုနှစ်တွင် ၂၁၈၄ဝ မှု၊ ၂ဝ၁၅ ခုနှစ်တွင် ၂၄၆၂၄ မှု၊ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ စာရင်းအရ ၃၁ဝ၇၃ မှု ဖမ်းဆီး အရေးယူနိုင်ခဲ့ သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ အင်အားမှာ ဖွဲ့စည်းပုံအရ ၇၆၆၉ ဦး၊ ရာခိုင် နှုန်းအားဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ လက်ရှိတာဝန် ထမ်းဆောင်နေမှု ၇၉ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ မန္တလေးတိုင်းဒေသကြီးတွင် တပ်ဖွဲ့ ဝင်အင်အားမှာ ၆၅ ရာခိုင်နှုန်း၊ အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့မှာ ၅ဝ ရာခိုင် နှုန်း၊ ကရင်၊ ကယား၊ ချင်း၊ မွန်ပြည်နယ်များတွင် ရာခိုင်နှုန်း ၄ဝ ခန့်သာရှိသည်ဟု သိရသည်။ အောင်ထူးနိုင် #theyangontimes
Source : https://goo.gl/CltbgK
via IFTTT

No comments:

Post a Comment