ပြည်တွင်း၌ ဆမ်ဆောင်း Note 7 စမတ်ဖုန်း ဝယ်ယူထားသူများကို S7 Edge ဖုန်းများဖြင့် လဲလှယ်ပေးမည် ဆမ်ဆောင်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်မျိုးဖြစ် သည့် Galaxy Note 7 ကို ကမ္ဘာတစ်ဝန်းလုံးတွင် ထုတ်လုပ်ရောင်း ချမှုများ လုံးဝ ရပ်တန့်တော့မည် ဖြစ်၍ ပြည်တွင်း၌ ဝယ်ယူထားသူများအနေဖြင့် လက်ရှိ ကိုင်ဆောင်နေသည့် Note7ဖုန်းများကို S7 Edge စမတ်ဖုန်းများဖြင့် လဲလှယ်ပေးသွားမည် ဖြစ်ကြောင်းဆမ်ဆောင်းမြန်မာက သတင်းထုတ်ပြန်သည်။ Note 7 စမတ်ဖုန်းများသည် ဘက်ထရီပိုင်းတွင် ချို့ယွင်းချက်များကြောင့် အပူလွန်ကဲကာ မီးလောင်မှုဖြစ်စဉ်အချို့ပေါ်ပေါက်ခဲ့၍ ပြင်ဆင်မှုများပြုလုပ်ထားသော Note7 စမတ်ဖုန်းများဖြင့် ပြန်လည်၍ လဲလှယ်ပေးခဲ့သော်လည်း ဘက်ထရီ ပြင်ဆင်ပေးထားသည့် စမတ်ဖုန်းများတွင်ပါ အပူလွန်ကဲသည့် ပြဿနာများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် သုံးစွဲသူများ၏ လုံခြုံရေးအတွက် ထုတ်လုပ်ရောင်းချခြင်းများ ရပ်တန့်ခြင်းဖြစ်ကြောင်း ဆမ်ဆောင်းမှ သိရသည်။ ပြည်တွင်း၌ Note7 ဖုန်းကိုင်ဆောင်ထားသူများ အနေဖြင့် S7 Edge စမတ်ဖုန်းများဖြင့် လဲလှယ်မည် ဆိုပါက တန်ဖိုး ကွာခြားချက် အနေဖြင့် ကျပ်ငါးသောင်းခန့် တန်ဖိုးရှိ Samsung Orginal Battery Pack 5200Mah အခြားသော လက်ဆောင်များကို ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာကဆိုသည်။ S7 Edge ဖုန်းများဖြင့် လဲလှယ်ခြင်းမပြုလုပ်လိုပါက Note 7 စမတ်ဖုန်းဝယ်ယူခဲ့သော ဆမ်ဆောင်း အရောင်းဆိုင်များတွင် ဆက်စပ်ပစ္စည်းများနှင့်တကွ ပြန်လည်အပ်နှံရန် လိုအပ်ပြီး ဖုန်းစတင်ဝယ်ယူရန် ဆောင်ရွက်ခဲ့သော ကမ္ဘောဇဘဏ်ခွဲမှတစ်ဆင့် ပြန်အမ်းငွေအပြည့် ထုတ်ယူခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိဖြစ်ပေါ်နေသည့် Note7 စမတ်ဖုန်းကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဆမ်ဆောင်းကဆိုသည်။
Source : http://ift.tt/2dOJGTS
via IFTTT
No comments:
Post a Comment