ရခိုင်လူမျိုးများကိုပါ ဆွဲထည့်ပြီး ထိခိုက်အောင် လုပ်မည်ဆိုပါက မိမိတို့လည်း တတ်နိုင်သည့် ဘက်မှ ကာကွယ်ရန် ကြိုးစားရမည်ဟု AA စစ်ဦးစီးချုပ် ပြော ရန်ကုန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ နယ်ခြား စောင့်တပ်စခန်းများကို ဘင်္ဂါလီအကြမ်းဖက် အဖွဲ့တစ်ခုမှ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရခိုင်လူမျိုးများကိုပါဆွဲထည့်ပြီး ထိခိုက်ေ အာင် လုပ်မည်ဆိုပါက မိမိတို့လည်း တတ် နိုင်သည့်ဘက်မှ ကာကွယ်ရန် ကြိုးစားရမည်ဟု AA မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ် နိုင်က ပြောသည်။ ၂ဝ၁၆ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် စခန်းသုံးခုအား ဘင်္ဂါလီအကြမ်းဖက်အဖွဲ့တစ်ခုမှ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးတာ ဝန်ယူနေသော အရာထမ်းကိုးဦး သေဆုံးခဲ့ပြီး တချို့ဒဏ်ရာများ ရရှိခဲ့ကြ သလို လက်နက်များလည်း ဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရခိုင်လူထုအပေါ်စိုးရိမ်မလွန်ကြဖို့ ခံစားချက်တွေ ဦးစားပေးပြီးမှ နိုင်ငံရေး လှည့်ကွက်ထဲမှာ ကြားညပ်တဲ့သားကောင် မဖြစ်ဖို့အတွက် အထူးသတိထားဖို့လိုတယ်လို့ ကျွန်တော် မှာချင်ပါတယ်။ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့လဲ အရင်ကဆိုရင် ကျွန်တော်တို့ အဝေးကြီးမှာ နေခဲ့တယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကိုပါ ဆွဲထည့်ပြီးတော့မှ အရမ်းထိခိုက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့လဲ တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့ကြိုးစား ရမှာပါပဲ။ အဲဒီလိုပြောချင်ပါတယ်''ဟု AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။ ''တချို့ကိစ္စတွေမှာ ကျွန်တော်တို့ တခြား အနေအထားတွေလဲ ရှိတယ်။ အခု မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ငြိမ်းချမ်းရေး လုပ်နေရင်းနဲ့ အခြေအနေက ပိုဆိုးလာတယ်။ အဲဒီအနေအထားမှာ မတည်ငြိမ်မှုတွေကို နည်း လမ်းတစ်မျိုးနဲ့ ပြဿနာအသစ်တွေကိုများ မီးမွှေးနေသလား ဆိုတဲ့ဟာကိုလဲ စဉ်းစားစရာတစ်ခုအနေနဲ့ ကျွန်တော်တို့ သုံးသပ်ထားတာလဲ ရှိတယ်''ဟု AAစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆက်ပြောသည်။ အဘယ်ေ ကြာင့်ဆိုသော် မြန်မာနိုင်ငံတွင် တော်လှန်ရေးအဖွဲ့အစည်းများ အများကြီးရှိပြီး ယခုလိုမျိုး လက်နက်ရာချီပြီးမှ ဆုံးရှုံးသွားခြင်း၊ တုတ်၊ဓားကိုင်ထားသည့် လူများဆီမှာ ပါသွားသည်ဆိုခြင်းမှာ သမိုင်း၌သိပ် မရှိဘဲ အင်မ တန် မှဖြစ်ခဲကြောင်း၊ ထိုအချက်သည် နိုင်ငံရေး၏ လှည့်ကွက်များလား စဉ်းစားစရာ ရှိနေကြောင်း ၎င်းကဝေဖန် သုံးသပ်ခဲ့သည်။
Source : https://goo.gl/8AQFEb
via IFTTT
No comments:
Post a Comment