Friday, October 7, 2016


သက်ဆိုင်ရာ၏ ခွင့်ပြုချက် မလိုဘဲ အသိပေးတင်ပြရုံဖြင့် ဆန္ဒထုတ်ဖော်ခွင့်ရမည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း သက်ဆိုင်ရာ၏ ခွင့်ပြုချက် မလိုဘဲ အသိပေး တင်ပြရုံဖြင့် ဆန္ဒထုတ်ဖော်ခွင့်ရမည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကို အောက်တိုဘာ ၄ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မေ ၅ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခင်လွှတ်တော် သက်တမ်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့မှု ရှိခဲ့သည်။ သို့သော် အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ပုံစံမျိုး မဟုတ်ဘဲ ဥပဒေကြမ်း အသစ်အဖြစ် ရေးဆွဲကာ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဥပဒေတွင် အခန်း(၈)ခန်းပါဝင်ပြီး ဥပဒေ၏ အခန်း (၃) အသိပေး တင်ပြခြင်းတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆောင်ရွက်မည့်နေ့ မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ စာဖြင့် တင်ပြရမည် ဖြစ်ကြောင်းနှင့် ဖြတ်သန်းမည့် မြို့နယ်များ ရှိပါက သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ မိတ္တူ ပေးပို့ရမည်ဟု ပြဋ္ဌာန်းထားသည်။ အခန်း (၅) စည်းကမ်းချက်များတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများသည် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်စေရန် မရိုးမဖြောင့်သော သဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံ တစ်ရာပေး၍ သွေးဆောင်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ အခန်း (၆) အရေးယူ ဆောင်ရွက်ခြင်းတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို ဆောင်ရွက်နေသူများအား နှောင့်ယှက်ခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ လက်ရောက်မှုကျူးလွန်ခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် ဟန့်တားခြင်း မပြုနိုင်စေရန် လည်းကောင်း၊ ဘေးအန္တရာယ် မဖြစ်စေရန် လည်းကောင်း ဒုတိယရဲအုပ်အဆင့်ထက် မနိမ့်သော ရဲအရာရှိ ဦးဆောင်သည့် ရဲတပ်ဖွဲ့က လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ပါဝင်သည်။ ထို့ပြင် ဥပဒေ၏ ပုဒ်မ (၁၂) တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများသည် ဥပဒေပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုသော် လည်းကောင်း၊ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း များက ဒေသဆိုင်ရာ လိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း သဘောတူညီချက် တစ်ရပ်ရပ်ကိုသော် လည်းကောင်း လိုက်နာခြင်း မရှိ၍ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တားမြစ်ပါက စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းကို ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ လူစုခွဲရမည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ (၁၇) တွင် ဥပဒေနှင့်အညီ အသိပေး တင်ပြခြင်း မရှိဘဲ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းပြုသည့် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်း ပြုသည့် နေရာတွင် ပုဒ်မ ၁၆ ပါ ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးသည် ဆောလျင်စွာ အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် မည်သူမဆို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများအား နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ လက်ရောက်မှု ကျူးလွန်ခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ အခန်း (၈) အထွေထွေတွင် မည်သူမဆို ဥပဒေပါပြစ်မှု တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုဖောက်ဖျက် ကျူးလွန်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆို တင်ပို့ရမည်ဖြစ်ကြောင်း၊ ဤဥပဒေပုဒ်မ ၁၈ နှင့် ၁၉ တို့အရ တရားစွဲဆိုရာတွင် ဆက်စပ်မြို့နယ်များ ပါဝင်နေပါက ပြစ်မှုကို စတင်ဖောက်ဖျက် ကျူးလွန်သည့် မြို့နယ်ရှိ တရားရုံးကသာ စီရင်ပိုင်ခွင့် ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။ Writer: ဇာလီမြင့်ဦး
Source : http://ift.tt/2dyMIrq
via IFTTT

No comments:

Post a Comment