Wednesday, October 12, 2016


ရော့ခ်အဆိုတော်ကြီး ရော့ဒ်စတီးဝပ် ဆာ ဘွဲ့ ချီးမြှင့်ခံရ ဝါရင့်ထိပ်တန်း ဗြိတိသျှ ရော့ခ်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်ဟာ အင်္ဂါနေ့မှာ ဗြိတိန်တော်ဝင် မင်းသား ဝီလျံချီးမြှင့်တဲ့ သူကောင်းဘွဲ့ကို လက်ခံရယူပြီးနောက် ဆာရော့ဒ်စတီးဝပ် ဖြစ်လာခဲ့ပါပြီ။ အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော့ဒ်စတီးဝပ်ဟာ လန်ဒန်မြို့ရှိ ဘက်ကင်ဟမ် နန်းတော်ကို သူ့ရဲ့ဇနီး၊ သားသမီးတွေနဲ့အတူ တက်ရောက်ပြီး သူကောင်းဘွဲ့ကို လက်ခံရယူခဲ့တာပါ။ ရော့ဒ်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လထဲတုန်းက ဗြိတိသျှ ဘုရင်မကြီး အသက် ၉၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုစာရင်းမှာကတည်းက ပါဝင်နေခဲ့တာ ဖြစ်ပေမယ့် အခုမှ သူရရှိတဲ့ သူကောင်းဘွဲ့ကို လက်ခံရရှိကာ ဆာရော့ဒ်စတီးဝပ် ဖြစ်လာခဲ့ပဲ ဖြစ်ပါတယ်။ ဂီတလောကမှာ ဆယ်စုနှစ် ၅ ခုကျော် ကျင်လည် ရပ်တည်ခဲ့ပြီး အောင်မြင်မှုပေါင်း များစွာ ရရှိခဲ့တဲ့ ရော့ဒ်ဟာ ဗြိတိသျှ ဂီတလောကအတွက် သူ့ရဲ့ စွမ်းဆောင် ပေးနိုင်ခဲ့မှုတွေကြောင့် အခုလို သူကောင်းဘွဲ့ ချီးမြှင့်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ရော့ဒ်ဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း ဗြိတိသျှထီးနန်းက ချီးမြှင့်တဲ့ CBE ဘွဲ့ကို လက်ခံ ရရှိခဲ့ပါသေးတယ်။ Ref : contactmusic.com
Source : https://goo.gl/DmoxMF
via IFTTT

No comments:

Post a Comment