နယ်စပ်အကြမ်းဖက်တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံနဲ့အတူ ရပ်တည်နေကြောင်း EU ထုတ်ပြန် ~~~~~~~~~~ ■ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်စခန်း သုံးခု တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်နေပါကြောင်း EU ဥပရောပသမဂ္ဂက ဒီကနေ့ကြေညာချက် ထုတ်ပြန်ပြောကြား လိုက်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က မွတ်ဆလင်လူနည်းစုအရေး ကိုင်တွယ်ရာမှာ ခေတ်အဆက်ဆက် မြန်မာအစိုးရအပေါ် ဝေဖန်ခဲ့တဲ့ EU အဖွဲ့က မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ တစ်သားထဲ ရပ်တည်နေကြောင်း ပထမဆုံး ကြေညာချက်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ တပ်စခန်းသုံးခု တိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့သူတွေရဲ့ မိသားစုတွေအပေါ် ဝမ်းနည်းစာနာကြောင်း၊ ဒီတိုက်ခိုက်မှုအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး တာတွေ လုပ်ဆောင်ရမှာဖြစ်သလို၊ တိုက်ခိုက်မှုကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူရမှာ ဖြစ်ကြောင်းလည်း EU ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲ ဒီစုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ပတ်သက်သူတွေ အနေနဲ့ တာဝန်ရှိရှိ၊ ထိန်းထိန်းသိမ်းသိမ်း ပြုမူဆောင်ရွက်ကြဖို့နဲ့ စုံစမ်းစစ်ဆေး တာတွေကို ပူးပေါင်းကူညီကြဖို့လည်း ရန်ကုန် ဥရောပသမဂ္ဂရုံးခွဲက ထုတ်ပြန်တဲ့ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ EU အဖွဲ့ဟာ မြန်မာနိုင်ငံကရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အပါအဝင် တရားဥပဒေ စိုးမိုးရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အဓိကကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ #LH
Source : http://ift.tt/2d4W8gr
via IFTTT
No comments:
Post a Comment