Thursday, October 13, 2016


ဒီချုပ်ဗဟိုကော်မတီ အစည်းအဝေး နိုဝင်ဘာ ၁၂ ရက် ကျင်းပမည် ပြည်ထောင်စုတစ်ခုလုံး နှင့် ပတ်သက်သည့် ကိစ္စရပ်များ အပါအဝင် ကြားဖြတ်ရွေးကောက် ပွဲအကြောင်းတို့ကို ဆွေးနွေးမည့် ပါတီ ဗဟိုကော်မတီ အစည်းအဝေးကို လာမည့်နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက သတင်းထုတ်ပြန်သည်။ ဒီချုပ်၏ ပထမ ဗဟိုကော် မတီ ဆဋ္ဌမအကြိမ်မြောက် ပုံမှန် အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ မည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ ဗဟို ကော်မတီဝင်များအားလုံး တက် ရောက်ရန် အသိပေးထားသည်။ ဗဟိုကော်မတီဝင််များအနေ ဖြင့် မိမိတို့ ရွေးကောက်တင် မြှောက်ခံရသော ပြည်နယ်၊ တိုင်း ဒေသကြီးနှင့် သက်ဆိုင်သည့်ကိစ္စများ၊ ပြည်ထောင်စု တစ်ခုလုံးနှင့် ပတ်သက်သည့်ကိစ္စများ၊ ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံနှင့်ပတ်သက် သည့်ကိစ္စများ၊ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ တင်ပြလိုသည့်အချက်များကို အစည်းအဝေးတွင် တင်ပြနိုင်သည်ဟု ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းထံမှ သိရသည်။ ဆက်လက်ဖတ်ရှုရန်
Source : http://ift.tt/2e3Hva8
via IFTTT

No comments:

Post a Comment