ကျိုက်ထီးရိုးစေတီ ဂေါပကစည်းမျဉ်းအသစ် အတည်ပြုနိုင်ရန် တရားရုံးသို့ ဦးတိုက် လျှောက်ရမည် ပြည်ထောင်စုရှေ့ နေချုပ်ရုံးသို့ အကြံပြုချက်တောင်း ခံထားသည့် ကျိုက်ထီးရိုးစေတီ တော် ဂေါပကစည်းမျဉ်းအသစ် ကို အတည်ပြုနိုင်ရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်ဟု သာသနာရေးဦးစီးဌာနမှ သတင်း ရရှိသည်။ ‘‘ကျိုက်ထီးရိုးဂေါပကစည်း မျဉ်းကတော့ ပြန်ကျပြီလေ။ လက်ရှိဖွဲ့ထားတဲ့ ဂေါပကအဖွဲ့က ဒါကို အတည်ပြုရမှာပါ။ ပြီးတော့တရားရုံးကို ဦးတိုက်လျှောက်ပြီးတော့မှ ဒါက အတည်ဖြစ်တာ။ ဒါမှအသက်ဝင်တာ’’ဟု သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။ ကျိုက်ထီးရိုး ဂေါပကစည်း မျဉ်းအသစ်ကို ဂေါပကအဖွဲ့အ သစ်ထံ ပေးပို့ထားပြီး ၎င်းတို့က အ တည်ပြုနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။ ကျိုက်ထီးရိုး ဂေါပကအသစ်ဖွဲ့စည်းထားသည့်ထဲမှ နှစ်ဦး (သို့ မဟုတ်) သုံးဦးက တရားရုံးတွင် ဦးတိုက်လျှောက်ပြီး ဂေါပကစည်း မျဉ်းအသစ်ကို တရားသူကြီးက တရားဝင်ကြေညာပြီးမှသာ အ တည်ပြုနိုင်ကြောင်း ၎င်းကပြော သည်။ ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့ဝင်အသစ် ၁၅ ဦးအား စက်တင်ဘာ ၁၅ ရက်က ခန့်အပ်ခဲ့ရာ သာသနာရေးဦးစီးဌာနက တိုက်ရိုက် ရွေးချယ်ခန့်အပ်သူ ၁၁ ဦး၊ မွန်ပြည်နယ် အစိုးရအဖွဲ့က ခန့်အပ် သူလေးဦးဖြစ်ပြီး ယခင်အဟောင်းထဲမှ နှစ်ဦးပါဝင်သည်ဟု သိရသည်။ ဂေါပကစည်းမျဉ်းအသစ် တွင် အဖွဲ့ဝင်များသည် အသက် (၄၅)နှစ်မှ (၇၀)နှစ်အတွင်း တာဝန် ထမ်းဆောင်ခွင့်ရှိပြီး အသက်(၇၀) ပြည့်သွား သော်လည်း ဘုရားစေတီတော်အတွက် မဖြစ်မနေ တာဝန်ထမ်းဆောင်ရန် လိုအပ်ပါက တစ်နှစ်တစ်ခါ သက်တမ်းတိုးခွင့် ငါးကြိမ်ရရှိမည်ဖြစ်သည်။ ထို့အပြင် အလွဲသုံးစားမှုတို့ အတွက် တိုင်ကြားနိုင်ပြီး စစ်ဆေး မှုများပြုလုပ်ကာ တာဝန်မှ ရပ်စဲ ခြင်း၊ နုတ်ထွက်စေခြင်း စသည့် ပြစ်မှုပြစ်ဒဏ်များ ပါရှိသည်ဟု သာသနာရေးဦးစီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည် ဝင်းက ပြောကြားသည်။
Source : http://ift.tt/2dynkR9
via IFTTT
No comments:
Post a Comment