Monday, October 10, 2016

Kumudra

ရန်ကုန် အောက်တိုဘာ ၁ဝ– နတ်မောက်မြို့နယ်မှာကိုယ်ဝန်သည်အမျိုးသမီးက ခင်ပွန်းကမိမိကိုဂရုမစိုက်ဘူးလို့ ယူဆကာ အိ်ပ်ပျော်နေချိန် ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့နတ်မောက်ရဲစခန်းကသိရပါတယ်။ အဆိုပါဖြစ်ရပ်ဟာအောက်တိုဘာလ ၈ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ််ပြီး ကိုယ်ဝန်ဆောင်သည်အမျိုးသမီးက ခင်ပွန်းဖြစ်သူဟာ အရင်အိမ်ထောင်နဲ့ရတဲ့ သားသုံးယောက်ကိုသာဂရုစိုက်ပြီး သူကို ပစ်ထားတယ်လို့ဆိုတာ အိမ်အပေါ်ထပ်အလယ်ခန်းမှာဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ခင်ပွန်းဖြစ်သူကိုကျော်စိုးအောင်ဟာလည်ပင်းဇလုပ်အနီး(၃)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ယာလက်ခုံလက်ကောက်ုဝတ်(၂)လက်မခန့်ရရှိခဲ့တယ်လို့အတွင်းလူနာအဖြစ်ကုသနေရတယ်လို့သိရပါတယ်။ အဆိုပါဖြစ်ရပ်ကို ကိုကျော်စိုးအောင် ရဲ့ဖခင်ဦးကျန်မြင့်ကို အိမ်နီးနားချင်းဖြစ်သူ က လာရောက်ခေါ်တာကြောင့် နေအိမ်ကိုသွားကြည့်ရှုခဲ့ရာမှ သိခဲ့ရတယ်လို့သိရပါတယ်။ ဓားနဲ့ထိုးခဲ့သူ မနှင်းကို ဦးကျန်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းပြီး နတ်မောက်မြို့ မှရဲစခန်းမှ(ပ)၁၃၇၈/၂ဝ၁၆ရာဇာသတ်ကြီးပုဒ်မ၃၂၆နဲ့အမှုဖွင့်ရေးယူထားတယ်လို့နတ်မောက်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လဝန်းသစ်
Source : http://ift.tt/2e7YHzw
via IFTTT

No comments:

Post a Comment