Monday, October 10, 2016

Kumudra

အောက်တိုဘာ ၁ဝ၊ ရန်ကုန်၊ မောင်တောခရိုင်မြောက်ပိုင်း၁၅မိုင်အကွာရှိရေတွင်းကျွှန်းရွာကိုစစ်တပ်ကဝင်ရောက််ရှင်းလင်းမူပြုလုပ်ရာမှာ ဘင်္ဂါလီတစ်ထောင်ခန့်က လက်နက်များဝိုင်းလုတယ်လို့ ရခိုင်အမျိုးသားပါတီ မောင်တောဥက္ကဌ ဦးခင်မောင်သန်းကပြောတယ်။ မြန်မာတပ်မတော်ဘက်ကအယောက်၂ဝနဲ့ဝင်ရောက်စစ်ဆေးရှင်းလင်းနေချိန်မှာဘင်္ဂါလီများဝိုင်းလာပြီး လက်နက်များလုတာကြောင့်မြန်မာတပ်မတော်ကပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဦးခင်မောင်သန်းကပြောတယ်။ နယ်ခြားစောင့်ဌာနချုပ်ကိုလုံခြုံရေးအင်အားဖြည့်ခြင်းကြောင့်နယ်ကင်းစခန်းတွေမှာလုံခြုံရေးအားနည်းနေတယ် နယ်ကင်းစခန်းနားမှာနေထိုင်တဲ့ရွာတွေဟာ မနေကြရဘဲ ဒီညမတိုင်ခင် ဌာနချုပ်နားကို ပြောင်းရွေ့ နေထိုင်ဖို့စီစဥ်နေတယ်လို့ဦးခင်မောင်သန်းကပြောပါတယ်။ မောင်တောခရိုင်အတွင်းလုံခြုံရေးအရနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ဆိပ်ကမ်း များကိုပိတ်ထားပြီးဘင်္ဂါလီများလက်နက်ချပါမှလမ်းများပြန်ဖွင့်မယ်လို့သိရပါတယ်။ ဘင်္ဂါလီများအစီအစဥ်တကျဝင်ရောက်တိုက်ခိုက်မူများမှာ နိုင်ငံတကာဖိအားကြောင့် ဘင်္ဂါလီတို့၏အခွင့်အရေးရရှိစေရန်နှင့် နိုင်ငံရေးအကြပ်အတည်းဖြစ်အောင်လုုပ်ဆောင်ခြင်း ဖြစ်တယ်လို့ရခိုင်အမျိုးသားများတိုးတက်ရေးပါတီဥက္ကဌဒေါက်တာအေးမောင်ကပြောပါတယ်။ Author မို့မိို့သန္တာ Photo/ AP
Source : http://ift.tt/2d77jR9
via IFTTT

No comments:

Post a Comment