ရခိုင်ပြည်နယ်မှ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်များအနက် ပျောက်ဆုံး ရဲတပ်ဖွဲ့၀င်တစ်ဦးနှင့် လက်နက်တစ်လက် ပြန်လည်တွေ့ရှိ နေပြည်တော် အောက်တိုဘာ ၁၀ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်း(၃)ခုကို အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များအနက် ပျောက်ဆုံး ခဲ့သော ရဲတပ်သားတစ်ဦးနှင့် လက်နက်တစ်လက်တို့ကို သီးခြားစီပြန် လည် တွေ့ရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအပေါ် တပ်မတော်နှင့် ရဲတပ်ဖွဲ့၀င်များ ပူးပေါင်း၍ နယ်မြေရှင်းလင်းစဉ် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ငါးခူရ နယ်မြေရဲစခန်းနှင့် လိုင်းခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရစဉ် လုံခြုံရေးတာ၀န် ထမ်းဆောင်ရာမှ ပျောက်ဆုံးခဲ့သော ရဲတပ်သား ကိုထိုက်အား ငါးခူရ ရဲစခန်းအနောက်ဘက် (၂)မိုင်ခန့်ရှိ ဓနီတောအတွင်းမှ ဒဏ်ရာရရှိမှု မရှိဘဲ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရဲတပ်ဖွဲ့၀င်များက ၎င်းစခန်း၏ ဗဟိုကင်းတစ်၀ိုက်ရှိ ခြုံများအတွင်း ရှာဖွေရှင်းလင်းစဉ် ယနေ့ညနေ ၃ နာရီခန့်တွင် ဗဟိုကင်းမှ ပျောက်ဆုံးခဲ့သော M 22 သေနတ်တစ်လက်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
Source : http://ift.tt/2dOO29o
via IFTTT
No comments:
Post a Comment