Wednesday, June 7, 2017

7Day News Journal

သာကေတမြို့နယ် ငါး ကွေ့ကားမှတ်တိုင်တွင် ခရီးသည် အတင်အချပြုလုပ်နေသည့် YBS (၃၁) ခရီးသည်တင်ယာဥ်ပေါ်သို့ အမျိုးသားငါးဦး တက်ကာယာဥ် နောက်လိုက်ကို ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ခရီးသည်တင်ယာဥ် သည် ဇွန်လ ၄ ရက် ည ၉ နာရီ က ဗိုလ်တထောင်စေတီရှေ့မှ သန်လျင်သို့မောင်းနှင်လာစဥ် ရှု ခင်းသာပန်းခြံအနီး၌ အမျိုးသမီး နှစ်ဦးက ကားတားစဥ် မှတ်တိုင်မ ဟုတ်သဖြင့် ရပ်မပေးဘဲ ဆက် လက်မောင်းနှင်ရာ အမျိုးသမီးနှစ် ဦးနှင့် မလှမ်းမကမ်းတွင် ရပ်ထား သည့် လိုက်ထရပ်ယာဥ်ပေါ်မှ အ မျိုးသားနှစ်ဦး ခုန်ဆင်းလာပြီး YBS ယာဥ်ကို ပုလင်းဖြင့်ပေါက် ခြင်း၊ လေးခွဖြင့်ပစ်ခြင်းများ ပြု လုပ်ခဲ့ကြောင်း သာကေတမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဆိုပ ါယာဥ်သည် ငါးကွေ့မှတ်တိုင်အရောက် ခရီးသည်အ တင်အချပြုလုပ်နေစဥ် လိုက်ထ ရပ်ယာဥ်ရောက်ရှိလာကာ ယာဥ်ပေါ်ပါ အမျိုးသား ရှစ်ဦးဆင်းလာ ပြီး အမျိုးသားငါးဦးက YBS ယာဥ်နောက်လိုက်ကို ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့် ရိုက်နှက်သည်ဟု သိရသည်။ ‘‘လိုက်ထရပ်ယာဥ်က ကြား ကားဆွဲတာ။ ယာဥ်ကြောလုမောင်းရင်းနဲ့ ဖြစ်ကြတာလို့ ပြောတယ်။ တရားခံလိုက်နေတုန်း မို့လို့ တိတိကျကျတော့ ပြောလို့ မရသေးဘူး။ အဲဒီလိုက်ထရပ် ယာဥ်နံပါတ်နဲ့ လိပ်စာစုံစမ်းတော့ ယာဥ်ထိန်းမှာရှိတဲ့ လိပ်စာနဲ့က လွဲနေတော့ ကညနကိုဆက်သွား နေတယ်။ အမျိုးသမီးနှစ်ယောက် နဲ့ ဘယ်လိုပတ်သက်လဲဆိုတာ တော့ တရားခံတွေမိမှ သိရမှာ’’ ဟု သာကေတမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။ YBS ယာဥ်နောက်လိုက် သည် ဦးခေါင်းနှင့် မျက်ခုံးတို့တွင် ပြတ်ရှဒဏ်ရာတစ်ချက်စီ၊ လက် မောင်းတွင် ပြတ်ရှဒဏ်ရာများနှင့် ဖူးရောင်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူ နာအဖြစ် ကုသနေရကြောင်း သိရသည်။ဓားဖြင့် ခုတ်၊ တုတ်ဖြင့် ရိုက်ခဲ့သည့်အမျိုးသား ငါးဦးနှင့် လိုက်ထရပ်ယာဥ်ပေါ်တွင် ပါလာသည့်အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ် ဦးတို့ကို သာကေတမြို့မရဲစခန်း က ယနေ့အထိ အမှုဖွင့်စုံစမ်းနေ ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2qVlZdM
via IFTTT

No comments:

Post a Comment