Wednesday, June 14, 2017

Kumudra

မန်းစည်ပင်က e-Government စနစ်ကို ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်မည် မန္တလေး၊ ဇွန် ၁၁ – မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှာ e-Government စနစ်ကို ၂၀၁၈ ခုနှစ်အတွင်း အကောင် ထည်ဖော်ဆောင်ရွက်နိုင်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဒုတိယ မြို့တော်ဝန်ဦးရဲမွန်က ပြောပါတယ်။ မန္တလေးစည်ပင်ရဲ့ ဝန်ဆောင်မှုစနစ်တွေကို e-Government စနစ်နဲ့ ဆောင်ရွက်ဖို့ အချက်အလက် ကောက်ယူမှုတွေ လုပ်နေပါတယ်။ “e-Government စနစ်က စနေတတော့ ကြာပြီ၊ ရောက်သင့်သလောက်မရောက်ဘူး၊ ကျွန်တော်တို့က ဒီစနစ်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမှာပါ”လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးရဲမွန်က ပြောပါတယ်။ ရပ်ကွက်တွေက ဦးပိုင်နံပါတ် ၊ဘယ် သူပိုင်တယ်၊ ဈေးဆိုင်ခန်း အရေအတွက် ဘယ်လောက် ရှိတယ်စတဲ့ အရေအတွက်တွေကို အချက်အလက်ကောက်ယူနေတယ်လို့ သိရပါတယ်။ ကားဝင်းတွေမှာ ကတ်နဲ့ ငွေပေးချေနိုင်တာ၊ အိမ်ဆောက်မိန့်၊ အိမ်ခွန်၊ မြေခွန်၊ လုပ်ငန်းလိုင်စင်စတဲ့ ဝန်ဆောင်မှုတွေကို ကိုယ်တိုင်လာစရာမလိုဘဲ e-Government စနစ်နဲ့ ငွေပေးချေနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိ ရပါတယ်။ “အခွန်ကောက်တဲ့သူနဲ့၊ အခွန်ပေးသွင်းတဲ့သူကြားမှာ စနစ်တစ်ခုပြောင်းလဲ လိုက်ပြီ၊ အဲလို လုပ်တာနဲ့ စာရင်းတွေအတိ အကျရလာမယ်၊ ဝင်တဲ့ ဝင်ငွေ အတိအကျရလာမယ်”လို့ ဒုတိယမြို့တော်ဝန်ဦးရဲမွန်က ပြောပါတယ်။ Author နန်းအိ
Source : http://bit.ly/2rqo4Oh
via IFTTT

No comments:

Post a Comment