တရားသူကြီးနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မဟုတ်မမှန် လုပ်ရပ်များကို အချက်အလက် တိတိကျကျဖြင့် တိုင်ကြားရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော တရားသူကြီးများ၊ ရဲဝန်ထမ်းများ၏ မဟုတ်မမှန် သည့် လုပ်ရပ်များကို အချက်အလက် တိတိကျကျနှင့် ၎င်းထံ တင်ပြပေးရန် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားသည်။ ဇူလိုင် ၁၀ ရက်က ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ နှစ် ပတ်လည် အစီရင်ခံစာတွင် တရားသူကြီးများသည် အမှုသည် များအပေါ် ဆက်ဆံရေး မောက်မာခြင်း၊ တရားစီရင်နေဆဲ ဂျာ နယ်၊ သတင်းစာဖတ်ခြင်း၊ တရား ခွင်အပြင်ထွက်ကာ တယ်လီဖုန်း ပြောခြင်း၊ မလိုအပ်ဘဲ ဘက်လိုက်၍ ရုံးချိန်း မကြာခဏပေးခြင်း၊ ဝရမ်းနှင့် သမ္မန်စာအတည် ပြုသည့် ကိစ္စများတွင် လိုအပ်လျှင် အတည်ပြုပြီး မလိုအပ်လျှင် အမှုကို နှောင့်နှေးအောင် ဆောင်ရွက်ခြင်း၊ အချို့ရဲစခန်းများတွင် မှုခင်းတစ်ခု တိုင်ကြားပါက ရဲအရေးမပိုင်သည့် အမှုဖြစ်သည် ဟု အကြောင်းပြကာ အရေးမယူခြင်း စသည့်အချက်များအပေါ် အခြေခံကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မှာကြားခြင်း ဖြစ်သည်။ ‘‘အမှုတွေက ဘယ်အမှုတွေ လဲ၊ သေချာလုပ်ပေးပါ။ စာရင်း ပြုစုပြီး ကျွန်တော့်ဆီပို့ပေးပါ။ ဒါ ကျွန်တော်တို့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်ဖို့ဆိုရင် ပြည် ထောင်စုတရားလွှတ်တော်ချုပ်ဆီ ကို တိတိလင်းလင်း ပေးရမယ်။ တိတိလင်းလင်း ဆောင်ရွက်ရ မယ်’’ဟု ဦးဝင်းမြင့်က ပြောကြား သည်။ ယခုတင်ပြသည့် အစီရင်ခံ စာတွင် နောက်ဆက်တွဲ ဇယား မပါဝင်ဘဲ အထက်ပါတင်ပြလာ သည့် လုပ်ရပ်များကို ပြုမူသည့် တရားသူကြီး၊ မြို့နယ်၊ တရားရုံး၊ တိုင်ကြားသူ စသည့် အချက်အ လက်များ တင်ပြရန် ၎င်းကပြော သည်။ ‘‘ဒီလို ဆောင်ရွက်နိုင်မှ တရားစီရင်ရေးမဏ္ဍိုင် တတ်နိုင် သမျှ တည့်မတ်မယ်။ ဒီလို ယေ ဘုယျ နောက်ဆက်တွဲမပါဘဲ ပြောလို့ကတော့ သနားတယ်ပဲ ဟိုက ဆိုလိမ့်မယ်။ တိတိကျကျ လုပ်ပေးပါ’’ဟု ဦးဝင်းမြင့်ကပြော သည်။ တရားရုံးချုပ်က တရားစီရင် ရာတွင် လိုက်နာရန်ဥပဒေ၊ နည်း ဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းနှင့်အညီ တိကျစွာ စစ် ဆေးရန် ညွှန်ကြားထားပြီးဖြစ် သော်လည်း သိရှိသူနည်းပါးသည် ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။ တာဝန်ကို ပေါ့လျော့စွာ ဆောင်ရွက်၍ မှားယွင်းမှုတွေ့ရှိ ပါက ထိရောက်စွာ အရေးယူရန် လိုအပ်ပြီး မကောင်းသည့် တရား သူကြီးများကို နယ်ပြောင်းခြင်း၊ ရာထူး တိုးမပေးခြင်းနှင့် မလုံ လောက်ဘဲ ထုတ်ပယ်ရန် လိုအပ် ပါက အရေးယူရန်လိုကြောင်း အထက်ပါအစီရင်ခံစာတွင် ပါရှိ သည်။ ယခုအခါ ရှေ့နေအများစု သည် မိမိတို့ပညာကို တန်ဖိုး မထားဘဲ မိမိတို့အမှု အနိုင်ရရေး တရားသူကြီးများ၊ အစိုးရရှေ့နေ များကြားတွင် လာဘ်ပေးလာဘ် ယူ ပွဲစားများအဖြစ် ကျယ်ပြန့်စွာ ဆောင်ရွက်နေသည်ဟု အစီရင် ခံစာကဆိုသည်။ ကော်မတီ စတင်ဖွဲ့စည်း သည့် တစ်နှစ်အတွင်း တိုင်ကြား စာစုစုပေါင်း ၁,၁၃၂ စောင်ရှိပြီး ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးသို့ လေးစောင်၊ ပြည် ထောင်စုဝန်ကြီးများရုံးသို့ ၂၅ စောင်၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ထံသို့ ၁၈ စောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့နှစ်စောင် လွှဲပြောင်း ပေးခဲ့ပြီး လိုအပ်သော အထောက် အထားမပါသည့် တိုင်ကြားစာ စုစုပေါင်း ၆၆၄ စောင်ကို မှတ် တမ်းအဖြစ်ထားရှိကာ ကော်မတီ က ဆောင်ရွက်ရန် ကျန်ရှိသော တိုင်ကြားစာသည် ၃၅၉ စောင် ရှိကြောင်း အစီရင်ခံစာတွင် ပါရှိ သည်။ ဇူလိုင် ၁၀ ရက်က ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ် ပတ်လည်အစီရင်ခံစာကို ယင်း ကော်မတီအဖွဲ့ဝင် မင်းဘူးမဲဆန္ဒ နယ်မှ ဦးဝင်းဝင်းက တင်ပြခဲ့ခြင်း ဖြစ်သည်။
Source : http://ift.tt/2v5To79
via IFTTT
No comments:
Post a Comment