နိုင်ငံခြားဘဏ်များကို လက်လီဘဏ်လုပ်ငန်း ခွင့်ပြုပေးမည်ဟုဆို နိုင်ငံခြားဘဏ်များအား လက်လီဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်ကို ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှုအပေါ် မူတည်၍ခွင့်ပြု ပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ဇူလိုင် ၁၀ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်၌ပြောသည်။ ‘‘ပြည်ပဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ နေရာအနှံ့ဘဏ်ခွဲ ဖွင့်ဖို့ အစီအစဉ် မရှိပါဘူး။ သို့ သော်နိုင်ငံခြားဘဏ်မှာ အစီအစဉ် ရှိရှိ၊ မရှိရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နောင်တစ်ချိန်မှာ ဖြေလျှော့မှုပြုလုပ်ပြီး နိုင်ငံခြားဘဏ်တွေကို လက်လီလုပ်ငန်းလုပ်ကိုင်ခွင့် ပြုပေးသွားမှာပါ’’ ဟု ၎င်း က ပြောသည်။ သို့သော် လက်လီဘဏ်လုပ် ငန်း လုပ်ကိုင်ခွင့်ပြုမည့်အချိန် အတိအကျကို ပြောကြားခြင်း မရှိဘဲ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှုအခြေအနေနှင့် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးနိုင် သည့် အင်အားပေါ်မူတည်၍ နောက်တစ်ဆင့် လျှော့ပေါ့ နိုင်မည့် အချိန်ကာလကို သတ် မှတ်ပေးမည်ဟုသာ ဦးဆက်အောင် ကပြောခဲ့သည်။ ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က နိုင်ငံခြား ဘဏ် ၁၃ ဘဏ်အား မြန်မာနိုင်ငံ သားများအတွက် လက်လီဝန် ဆောင်မှုကို မည်သည့်နေ့တွင် ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခြင်း ဖြစ်သည်။ လက်လီဘဏ်လုပ်ငန်းထိ ရောက်မှုရှိစေရန် အဓိကအချက် နှစ်ချက်လိုအပ်ပြီး နိုင်ငံအနှံ့ဘဏ် ခွဲအရေအတွက် တည်ရှိနိုင်မှုနှင့် E Banking စနစ်ဆောင်ရွက်မှုများ ဖြစ်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံ များတွင်လည်း လက်လီဘဏ် လုပ်ငန်းကို ပြည်တွင်းဘဏ်များ ကသာ ထိရောက်စွာ ဆောင်ရွက် နိုင်ပြီး မြန်မာနိုင်ငံရှိ ပြည်တွင်း ဘဏ်များသည် E-Bankingစနစ်ကို စတင်ဆောင်ရွက်နေကာ နိုင်ငံအနှံ့ဘဏ်ခွဲများ ဖွင့်လှစ်ထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ၌လည်း ပြည်တွင်းဘဏ်များကသာ လက်လီလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးဆက် အောင်ကပြောသည်။ မြန်မာနိုင်ငံတွင်နိုင်ငံခြား ဘဏ်ခွဲများ စတင်လုပ်ငန်းလည် ပတ်ခဲ့သည်မှာ ၂ နှစ်ခန့်သာရှိသေး သဖြင့် လက်ကားဘဏ်လုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပေး ထားပြီး လက်လီဘဏ်လုပ်ငန်း များကို ယာယီ ကန့်သတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကပြောသည်။ လက်လီဘဏ်လုပ်ငန်းဆို သည်မှာ ပြည်တွင်းဘဏ်များက အများပြည်သူသို့ ဝန်ဆောင်မှုပေး သည့်ဘဏ်အကောင့်ဖွင့်ပေး ခြင်း၊ ငွေလွှဲခြင်းနှင့် ATM ဝန်ဆောင်မှုစသည့် ဘဏ်လုပ်ငန်းများဖြစ် ပြီး လက်ကားဘဏ်လုပ်ငန်းဆို သည်မှာ ကုမ္ပဏီများနှင့်ဘဏ်အ ချင်းချင်းချေးငွေ ပေးချေခြင်းတို့ ဖြစ်သည်။ လက်ရှိနိုင်ငံခြားဘဏ်များ ကို ပြည်တွင်းဘဏ်များနှင့်လုပ် ငန်းများကို ငွေချေပေးခွင့်ဖြစ် သည့်လက်ကားဘဏ်လုပ်ငန်းကို သာလုပ်ကိုင်ခွင့်ပေးထားသည်။ ပြည်တွင်းဘဏ်များကဲ့သို့ အများ ပြည်သူသို့ ဘဏ်လုပ်ငန်းဝန် ဆောင်မှုပေးသည့် လက်လီဘဏ်လုပ်ငန်းကို ခွင့်ပြုထားခြင်းမရှိပေ။
Source : http://ift.tt/2tHVTNr
via IFTTT
No comments:
Post a Comment