Thursday, July 20, 2017

7Day News Journal

လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ဝင်ပြိုင်ခဲ့သည့် ဦးမြသန်းကို ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ နေရာ ရွေးချယ်ခံခဲ့သဖြင့် ပါတီ စည်းကမ်းကို ဖောက်ဖျက်ရာရောက်သည်ဆိုကာ ရခိုင်အမျိုး သားပါတီ (ANP) မြေပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြ သန်းကို ပါတီက ထုတ်ပယ် ကြောင်း ယင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ ဦးမြသန်းသည် ပါတီ စည်း မျဉ်းစည်းကမ်းများ ဖောက်ဖျက် ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကို ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ခေါ်ယူစစ်ဆေးခဲ့ပြီး စည်းကမ်းဖောက်ဖျက်ကြောင်း တွေ့ရှိရသဖြင့် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီက ထုတ် ပယ်ခြင်းဖြစ်သည်။ ‘‘ပါတီစည်းကမ်းကို ကျော် လွန်ပြီး မိမိသဘောအတိုင်း ရာ ထူးဥစ္စာတွေအတွက် ကိုယ့်ပါတီ ကို ပုံရိပ်ပျက်အောင် လုပ်တာဖြစ် ပါတယ်’’ဟု ဦးထွန်းအောင်ကျော် က ပြောသည်။ ယင်းအပြင် ဦးမြသန်းသည် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌ နေရာကို အရွေးခံခဲ့၍ ပါတီက သတ်မှတ်ထားသည့်စည်းကမ်းကို ချိုးဖောက်ရာရောက်ကြောင်း ပါတီ စည်းကမ်းထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အ ရွေးချယ်ခံလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်ဖြစ်ခြင်း၊ ပါတီ၏ထုတ်ပြန် ချက်များ၊ စည်းမျဉ်းစည်းကမ်း များကို လိုက်နာခြင်း၊ ပညာအ ရည်အချင်းအသင့်ရှိသူဖြစ်ခြင်း တို့အပါအဝင် ပါတီအပေါ် သစ္စာ ရှိသူဖြစ်ရမည်ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီက စည်းကမ်း သတ်မှတ်ထားသည်။ ‘‘စုံစမ်းစစ်ဆေးမှုတွေလုပ် တဲ့အခါ သူ့အနေနဲ့ ပါတီစည်း ကမ်းတွေကို ချိုးဖောက်ထားတာ ကို တွေ့ရပါတယ်။ ဒါကြောင့် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ မှတ်ချက်နဲ့ ထုတ် ပယ်လိုက်တာဖြစ်ပါတယ်’’ဟု ဦးခိုင်ပြည်စိုးက ပြောသည်။ ရခိုင်အမျိုးသားပါတီ လွှတ်တော်ဒုဥက္ကဋ္ဌနေရာတွင် ဝင် ရောက်အရွေးခံသည့် လွှတ်တော် ကိုယ်စားလှယ်ကို ပါတီတွင်း ကနဦးရွေးချယ်ခဲ့ရာ မြေပုံမြို့နယ် ပြည်နယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ရွေးချယ်ခံခဲ့ရပြီး ဦးမြသန်းသည် ပါတီက သတ်မှတ်ထားသည့် စည်းကမ်းများနှင့်မညီသဖြင့် ပါတီ တွင်း ရွေးချယ်ရာ၌ ဝင်ပြိုင်ခွင့်မရှိ ခဲ့ပေ။ သို့သော် လွှတ်တော်၌ ရွေးချယ်ရာတွင် ဦးမြသန်းကို ပြည် နယ်အစိုးရအဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က အဆိုတင်သွင်းခဲ့၍ လွှတ်တော်ဒုဥက္ကဋ္ဌနေ ရာကို ဝင်ရောက်အရွေးခံခဲ့ကာ လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် အရွေး ခံခဲ့ရသည်။ ပါတီမှ ထုတ်ပယ်ခံရသည့် ဦးမြသန်းက ၎င်းအနေဖြင့် ပါတီ စည်းကမ်းကို ချိုးဖောက်ရာ မ ရောက်ကြောင်း 7Day Daily သတင်းစာအား ပြောကြားထား သည်။ ရခိုင်ပြည်နယ်လွှတ်တော် တွင် လွှတ်တော်ဒုဥက္ကဋ္ဌရွေးချယ် ခြင်းကို ဇူလိုင် ၁၄ ရက်က ပြုလုပ်ခဲ့ကာ ဇူလိုင် ၁၇ ရက်တွင် ပါတီမှ တရားဝင်စာထုတ်ပြန်ပြီး ဦးမြ သန်းအား ထုတ်ပယ်လိုက်သည်။ ဦးမြသန်းနှင့် လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ဝင်ပြိုင်ခဲ့သည့် ဦးအောင်ဝင်းက ပါတီစည်းကမ်း ကို စည်းကမ်းထိန်းသိမ်းရေးကော် မတီအနေဖြင့် ဦးမြသန်းကို စိစစ် ပေးနိုင်ရန် ကော်မတီသို့ စာတစ် စောင်ပေးပို့ခဲ့ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၆ က ရခိုင်အမျိုးသားပါတီ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ရခိုင်ပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာကို လက်ခံခဲ့သဖြင့် ပါတီက ထုတ် ပြန်ထားသည့် ANP အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်မရရှိပါက အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ဘဲ အတိုက်အခံအနေဖြင့်သာ ရပ်တည်မည်ဟူ သည့် ကြေညာချက်ကို ဆန့်ကျင် သည်ဆိုကာ ပါတီမှထုတ်ပယ်ခဲ့ သည်။ ယင်းအပြင် အဆိုပါအစိုးရ အဖွဲ့တွင် ပါဝင်ခြင်းမပြုဘဲ အ တိုက်အခံအဖြစ် ရပ်တည်မည်ဟူ သည့် ထုတ်ပြန်ချက် ထုတ်ပြန်ပြီး မကြာမီ ယင်းထုတ်ပြန်ချက်ကို သဘောမတူကြောင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ANP ပါတီခေါင်းဆောင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ်ခဲ့သေးသည်။ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ကွယ်လွန်ခဲ့ သဖြင့် လွှတ်တော်ဒုဥက္ကဋ္ဌနေရာ လစ်လပ်ခဲ့သည်။ ANP သည် ပြီးခဲ့သည့် ရွေး ကောက်ပွဲတွင် ဒေသတွင်း မဲအ များဆုံး အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည် နယ် လွှတ်တော်၌ ကိုယ်စားလှယ် ၂၃ ဦးဖြင့် နေရာအများဆုံးရရှိ ထားသည်။
Source : http://ift.tt/2ucLGus
via IFTTT

No comments:

Post a Comment