Sunday, July 23, 2017

7Day News Journal

ရေဘေးကြောင့် ရွှေ့ပြောင်းရသူဦးရေ တစ်သိန်းခန့်ရှိလာ နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလသတိပေး ကျိုက်ထိုမြို့တွင် ရေလွှမ်းမိုးနေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − PHOE LONE (MAVS)) မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေဘေးကြောင့် ရွှေ့ပြောင်းရသူ လူဦးရေ ဆက်လက်တိုးလာနေပြီး နေရာကွက် မိုးကြီးမည့် သတိပေးချက်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထပ်မံထုတ်ပြန်ထား သည်။ ဇူလိုင် ၂၁ ရက်စာရင်းအရ ဒေသအနှံ့ ရေဘေးကြောင့် ရွှေ့ ပြောင်းရသူ ၉၄,၀၀၀ ကျော်ရှိပြီး ဇူလိုင် ၂၂ ရက်တွင် လူဦးရေ ၉၈,၀၀၀ ကျော်ရှိလာသည်။ ဧရာဝတီမြစ် အပါအဝင် ယင်းနှင့်ထိစပ်နေသော မြစ်ချောင်းများ ရေမြင့်တက်လာ၍ မွန်၊ ကရင်ပြည်နယ်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ရေလွှမ်းမိုးမှု ဧရိယာများပြားလာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။ မွန်ပြည်နယ်တွင် မိုးသည်း ထန်စွာရွာသွန်း၍ သိမ်ဇရပ်နှင့် မုပ္ပလင်မြို့နယ်တို့တွင် မြေပြိုမှု များဖြစ်ခဲ့၍ အိမ် ၁၀ လုံးထက်မ နည်း နေရာရွှေ့ပြောင်းခဲ့ရသည်။ ထို့အပြင် ကျိုက်ထိုမြို့တွင် လူဦး ရေ ၄,၀၀၀ ကျော် ရေဘေး ကြောင့် ရွှေကပြောင်းနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေ ရာချထားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။ လတ်တလောရေကြီးနစ်မြုပ် သည့် အဆိုးရွာဆုံးဒေသသည် မကွေးတိုင်းဒေသကြီးဖြစ်ပြီး ၁၂ မြို့နယ်တွင် လူဦးရေ ၆၂,၉၄၈ ဦးရေဘေးရင်ဆိုင်နေရကြောင်း သ တင်းရရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းနေ သည့် မွန်ပြည်နယ်အပြင် ကရင်၊ ရခိုင်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီ၊မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်မိုးကြီးနိုင်သေး ကြောင်း မိုးဇလဌာနက သတိပေး ထားသည်။ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်၊ တိုးမြစ်နှင့် ရွှေကျင်မြစ်တို့သည် မြို့နယ်အချို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ကျော်လွန်နေဆဲဖြစ်သည်။
Source : http://ift.tt/2uM9mXM
via IFTTT

No comments:

Post a Comment