Sunday, July 23, 2017

7Day News Journal

ရန်ကုန်တွင် ကစားကွင်းများ ပြန်လည်ဖော်ဆောင်ရေး လွှတ်တော်သို့ အဆိုတင်သွင်းမည် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကစားကွင်းများ ပြန် လည်ဖော်ဆောင်ရေး လွှတ်တော်သို့ အဆိုတင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးသူငယ်များအတွက် ဖော် ဆောင်ထားသည့် ကစားကွင်းများသည် ကွန်ဒိုများ၊ အဆောက် အအုံများ ဖြစ်ပေါ်နေခြင်းကြောင့် ကစားကွင်းများ ပြန်လည်ဖော် ထုတ်ပေးရန် လာမည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် ယင်းအဆိုကို တင်သွင်းမည်ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ ‘‘ကစားကွင်းတွေ ပြန်လည် ဖော်ထုတ်နိုင်ရေးအတွက် မြေ လွတ်တွေမှာ ပြန်လည်နေရာချ ထားရေးအတွက်ကို တိုက်တွန်း တဲ့အဆိုအနေနဲ့ ကျွန်တော် လုပ် မှာပါ’’ဟု တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။ လူငယ်များ မူးယစ်ဆေးစွဲ မှုများ အလွန်များပြားလာခြင်း၊ အားကစားလုပ်လိုပါက သွားကစားမည့် အားကစားကွင်း ရှားပါးနေခြင်း စသည့်အခြေအနေများ နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။ ‘‘အရင်တုန်းက ကစားကွင်း တွေဆို ကလေးတွေက အဲဒီမှာ ကစားကြတယ်။ ပျော်ပွဲရွှင်ပွဲ တွေ လုပ်ကြတယ်။ အဲဒါတွေကို ယခင်အစိုးရ လက်ထက်က ပေါင်းတဲ့ စီးပွားရေးလုပ်ငန်းရှင် လို့ ပြောရမှာပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ကနေပြီးတော့ ဒါတွေကို ဝယ်ယူ ကြတာ။ အဲဒီလိုကိစ္စတွေရှိခဲ့ကြ တော့ ပြည်သူတွေက ကျွန်တော် တို့ လွှတ်တော်ကိုယ်စားလှယ် တွေဆီကို ဖုန်းဆက်ပြီး အ ကြောင်းကြားတာတွေရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးညီ ညီက ပြောသည်။ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပြည်သူများ ၏ တိုင်ကြားချက်များကို မြေပြင် ကွင်းဆင်းကြည့်သည့်အခါ အနီးဝန်းကျင်ရှိသူများ၊ ဘုန်းကြီး ကျောင်းများရှိ ဘုန်းတော်ကြီးများ ၏ ပြောဆိုချက်များအရ ကစား ကွင်းများသည် နှစ်ပေါင်းများစွာ က တည်ရှိခဲ့သော ကစားကွင်း များဖြစ်နေပြီး ယင်းကစားကွင်း မြေများသည် ယခင်အစိုးရ လက် ထက်က ဂရန်ရထားသည့် မြေ များ ဖြစ်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ဦးညီညီက ရှင်းပြ သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင် သည့် အစိုးရအဖွဲ့အနေဖြင့် ကလေးငယ်များ ဆော့ကစားနိုင်မည့် နောက်ဖေးလမ်းကြား ဥယျာဉ်တစ်ခုကို ဇွန်လ ၁၆ ရက် က ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၃၉ လမ်းနှင့် ဆိပ်ကမ်း သာ(အလယ်ဘလောက်)နောက် ဖေးလမ်းကြားတွင် စတင်ဖွင့်လှစ် ခဲ့သည်
Source : http://ift.tt/2vMTMYI
via IFTTT

No comments:

Post a Comment