Sunday, July 23, 2017

7Day News Journal

ဘီပီအိုင် ဆေးတောင့်နှင့် ဆေးပြား သန်းငါးရာ ထုတ်လုပ်နိုင်မည့် အဆောက်အအုံ စတင်ဖွင့်လှစ် အင်းစိန်ဆေးဝါးစက်ရုံ တွင် တစ်နှစ်လျှင် ဘီပီအိုင်ဆေးတောင့်၊ ဆေးပြား သန်းငါးရာထုတ်လုပ်နိုင်မည့် အဆောက်အအုံကို ဇူလိုင် ၂၂ ရက်က ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် စက်ရုံ၌ ဆေး ပြား၊ ဆေးတောင့်ထုတ်အဆောက်အအုံနှစ်ခုရှိ၍ ဆေးပြား သန်းရှစ် ရာခန့် ထုတ်လုပ်နေရာ ယခုအ ဆောက်အအုံတစ်ခု တိုးလာပါက ဆေးပြား၊ ဆေးတောင့် သန်း ၁,၃၀၀၊ ၁,၄၀၀ ခန့်အထိ တိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ အဆောက်အအုံကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စတင် ဆောက်လုပ်ခဲ့ကာ ပေ ၂၀၀ ခန့်ကျယ်ဝန်းသည့် RC နှစ်ထပ် အဆောက်အအုံဖြစ်သည်။ ယင်း အဆောက်အအုံတွင် ဆေးဝါး အသစ် ခြောက်မျိုးထုတ်လုပ်မည် ဖြစ်သည်။ ‘‘ထွယ်မန်နော ဆေးတောင့်၊ မော်ဖင်းဆေးပြားတို့၊ အသည်း ရောင်အသားဝါ ကုသဆေးတို့ စတဲ့ ဆေးခြောက်မျိုး ထုတ်လုပ် မှာပါ။ ဆေးခြောက်မျိုးလုံးကို FDA ကို တင်ထားပြီးသားဖြစ်ပါ တယ်။ ဆေးက အခုစတင်ထုတ် လုပ်နေပါပြီ။ ဒီအဆောက်အအုံ ကလည်း ကျွန်တော်တို့ရဲ့ ခေတ်မီ ဆေးဝါးတိုးမြှင့်ထုတ်လုပ်ရေးစီမံ ကိန်းထဲမှာ ပါပါတယ်။ အဲဒီစီမံ ကိန်းမပြီးခင်တုန်းကဆို တစ်နိုင်ငံ လုံး ဆေးဝါးလိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ် နိုင်တာ။ အခုဆို ဒီစီမံကိန်းပြီးသွားတော့ ၁၅ ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ထုတ်လုပ်နိုင်တော့မှာပါ’’ ဟု အင်းစိန်ဆေးဝါးစက်ရုံမှ စက် ရုံမှူး ဒေါက်တာအောင်ဇော်က ပြောသည်။ ဆေးပြား၊ ဆေးတောင့် ထုတ် အဆောက်အအုံအတွက် ရန်ပုံငွေ သုံးစွဲမှု ကျပ် ငါးဘီလီယံ ခန့်ရှိပြီး ခေတ်မီဆေးဝါးတိုးမြှင့် ထုတ်လုပ်မှုစီမံကိန်းတစ်ခုလုံးအတွက် ရန်ပုံငွေသုံးစွဲမှုသည် ကျပ်ဘီလီယံ ၄၀ခန့်ရှိသည်။ စက်မှုဝန်ကြီးဌာန လက် အောက်ရှိ ဘီပီအိုင်ဆေးဝါးစက်ရုံ သည် ကျန်းမာရေး၊ အားကစားနှင့် ဝန်ကြီးဌာနအတွက် ဆေးဝါးများ ကို အဓိကထုတ်လုပ်ပေးနေပြီး ၁၉၅၈ ကစ၍ ဆေးပြား၊ ဆေး တောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေး ရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေး ကြောသွင်းဆေးရည်အမျိုးမျိုးအ ပြင် မြွေဆိပ်ဖြေဆေးနှင့် အခြား ကာကွယ်ဆေးများကို ထုတ်လုပ် နေသည်။
Source : http://ift.tt/2uUTqTf
via IFTTT

No comments:

Post a Comment