သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အအုံ အမြန်ဆုံးတည်ဆောက်မည်ဟု ဦးဉာဏ်ဝင်းပြော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အ အုံကို အမြန်ဆုံးတည်ဆောက် မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်း ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။ ဇူလိုင် ၃ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦး ဆောင်သော အစိုးရအဖွဲ့ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများ၊ ကျွမ်း ကျင်ပညာရှင်များ ပါဝင်သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာ ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သူ ဦးဉာဏ်ဝင်းက ထိုကဲ့သို့ ပြော ကြားခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ အမြန်တည် ဆောက်မယ်။ ဘဏ္ဍာရေးဘတ် ဂျက်အနေနဲ့ အစိုးရက ချပေးထား ပြီလို့ ကျွန်တော်တို့သိတယ်။ ဒီ အပေါ်မှာ ဆောက်နိုင်အောင် ကျွန်တော်တို့ ဒီနေ့အစည်းအဝေး မှာ အကြံဉာဏ်ရယူတယ်’’ဟု ၎င်းကဆိုသည်။ ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံ ဖြစ် မြောက်ရေးကော်မတီနှင့် တည် ဆောက်ရေးကော်မတီ နှစ်ခုကို မကြာမီ ဖွဲ့စည်းမည်ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။ ‘‘ပြည်ထောင်စုအစိုးရက ကျပ်ငါးဘီလီယံ ဘတ်ဂျက်ချပေး ထားတာရှိတယ်။ ဒီဘတ်ဂျက်ကို ဒီဘဏ္ဍာနှစ်မှာ အသုံးချဖို့လို တယ်။ ဒီဘဏ္ဍာနှစ်ကျော်သွားလို့ ပြန်အပ်ရရင် ဒီပိုက်ဆံက အဟောသိကံ ဖြစ်သွားမယ်ပေါ့နော်။ နောက်ပြီး ဒီကိစ္စက အများနဲ့ပါဝင် ပတ်သက်တာဆိုတော့ အများသိ အောင် အခြေအနေကို ရှင်းပြတဲ့ သဘောပါပဲ’’ဟု ၎င်းကဆိုသည်။ ကျောင်းသားသမဂ္ဂအ ဆောက်အအုံ ပြန်လည်တည် ဆောက်ရာတွင် သမိုင်းတန်ဖိုး မပျောက်ပျက်စေရန်၊ ဖျက်ဆီးခံ သမဂ္ဂအထိမ်းအမှတ် ကျောက် တိုင်ကို ပြန်လည်တည်ဆောက် ရန် စသည့်အချက်များကို အထက် ပါအစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဦးတင့်လွင်က ရှင်းပြသည်။ ရန်ကုန်တက္ကသိုလ်ဝင်းအ တွင်းရှိ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံကို ဗိုလ်ချုပ်ကြီးနေ ဝင်း လက်ထက် ၁၉၆၂ ဇူလိုင် ၈ ရက် နံနက်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ ရသည်။
Source : http://ift.tt/2tDMYPF
via IFTTT
No comments:
Post a Comment