Tuesday, July 4, 2017

7Day News Journal

ယခင် အစိုးရလက်ထက် တိုင်းနှင့်ပြည်နယ် ဖွံ့ဖြိုးရေးရန်ပုံငွေများ ယခုနှစ်ကုန် အပြီးစစ်ဆေးမည် ရလဒ်များကို သမ္မတနှင့် လွှတ်တော်ထံ ပေးပို့မည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ပြော တိုင်းနှင့် ပြည်နယ် ၁၄ ခုရှိ ဖွံ့ဖြိုးရေးရန်ပုံငွေများကို တလွဲသုံးထားခြင်း ရှိ၊ မရှိ ၂၀၁၇ နှစ်ကုန်အပြီး စစ်ဆေးကာရရှိလာသည့် အခြေအနေများကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်သို့ ပေးပို့မည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။ ဇူလိုင် ၃ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးအပြီးတွင် ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ ‘‘စစစ်နေပြီ။ စစ်ဆေးဆဲဆိုတော့ ဘာမှပြောလို့ မရသေးပါဘူး’’ဟု ၎င်းကပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် တိုင်းနှင့်ပြည်နယ် တစ်ခုချင်းစီမဟုတ်ဘဲ ၁၄ ခုလုံးကို စစ်ဆေးမည် ဖြစ်ပြီး နေပြည်တော်ကောင်စီလည်း ပါဝင်ကြောင်း ဦးမော်သန်းက ရှင်းပြသည်။ နိုင်ငံတော် သမ္မတဦးထင်ကျော်က ပြည်သူလူထုစိုးရိမ်စိတ် ရှိမည် စိုးသည့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ကို စစ်ခိုင်းရခြင်း ဖြစ်ကြောင်း ဦးမော် သန်းက ပြောကြားသည်။ ‘‘ဒီနှစ်အတွင်း အပြီးစစ် မယ်။ ရလဒ်တွေတရားဝင်ထုတ် ပြန်မယ်ဆိုတာ ဒီကဥပဒေကြောင်း အတိုင်းပေါ့။ တွေ့ရှိချက်ကို သမ္မတနဲ့ လွှတ်တော်ကိုတင်မယ်။ တင်တဲ့အခါကျတော့ သိရမှာပေါ့။ လုပ်တော့လုပ်နေပါပြီ’’ဟု ၎င်းကဆက်ပြောသည်။ ယခင်အစိုးရဟောင်းမှ အ စိုးရအသစ်တို့ တာဝန်လွှဲပြောင်း ပေးအပြီး တစ်နှစ်ကျော်ကာလ အတွင်း တိုင်းနှင့်ပြည်နယ်များအ နက် ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ယခင်အစိုးရက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ပြန်လည်အပ်ခဲ့ခြင်း မရှိသည့် ကိစ္စရပ်များ ပေါ်ပေါက် ခဲ့သည်။ ထိုသို့ ပေါ်ပေါက်ခဲ့မှုများ ကြောင့် မကွေးတိုင်းဒေသကြီး၏ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်း မော်ရွှေက အရစ်ကျစနစ်ဖြင့် လက်ရှိတိုင်းအစိုးရထံ ပြန်လည် ပေးသွင်းနေသကဲ့သို့ ဧရာဝတီ တိုင်းဒေသကြီးတွင်လည်း ရန်ပုံ ငွေများကို ပြန်လည်မအပ်နှံသည့် ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသ ကြီး စာရင်းချုပ်အဖွဲ့က စစ်ဆေး နေသည်။ ယခင်ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့တာဝန်ယူခဲ့သူ အချို့က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များကို ဖောင်ဒေးရှင်းတစ်ခုသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြား သည်။
Source : http://ift.tt/2uk6Vbx
via IFTTT

No comments:

Post a Comment