Thursday, July 20, 2017

7Day TV

ဥာဏ်ကြီးရှင် ကော်ဖီက ဦးငွေထွန်းရဲ့ ဘဝအချိုးအကွေ့တွေကို ဘာတွေလဲ ဇူလိုင်-၁၉၊ ၂၀၁၇ တစ်နေ့မှာ ရှမ်းပြည်နယ်က မြို့တစ်မြို့ကို ခရီးထွက်ရင်း ဦးငွေထွန်းက ကော်ဖီမှာသောက်ခဲ့ပါတယ်။ ကော်ဖီစိုက်တဲ့ဒေသက ကော်ဖီရဲ့ အရသာဟာ သူထင်သလိုမဟုတ်ခဲ့တဲ့ အခါမှာတော့ နောက်အချိန်အနည်းငယ်အကြာမှာ Genius ဥာဏ်ကြီးရှင် ဆိုတဲ့ကော်ဖီ အမှတ်တံဆိပ်တစ်မျိုးက ပြည်တွင်းဈေးကွက်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကတောင်တန်းတွေပေါ်မှာ စိုက်ပျိုးတဲ့ကော်ဖီတွေကို ပြည်တွင်းမှာတင် အဆင့်မြင့်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံတွေကိုပါ တင်ပို့ရောင်းချနိုင်အောင် ဦးငွေထွန်းက ကြိုးစားခဲ့တာပါ။ ဒီတပတ်ရဲ့ Turning Point မှာ အိုင်တီနယ်ပယ်ထဲက ကော်ဖီ လုပ်ငန်းထဲကို ရောက်လာခဲ့တဲ့ ဘဝအချိုးအကွေ့တွေ အကြောင်းကို ဦးငွေထွန်းရဲ့ ပြောပြပေးထားတာ ဖြစ်ပါတယ်။ အောင်မြင်မှုပန်းတိုင်တွေဆီလျောက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲ အချိုးအကွေ့တွေကို သူတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ ဆိုတာကို 7Day TV ရဲ့ Turning Point အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။ 7Day TV ရဲ့ Turning Point အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်းမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #TurningPoint #Turning_Point #turning_point #ဥာဏ်ကြီးရှင်ကော်ဖီ #Genius_Coffee #ဦးငွေထွန်း #7DayNews #7DayTV (7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)‬‬‬‬‬‬‬‬ အောက်ပါလင့်များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် http://www.7daydaily.com/video/102264 https://youtu.be/XceedyLAg2w
Source : https://www.facebook.com/7DayOnlineTV/videos/1586229608115402/
via IFTTT

No comments:

Post a Comment