လေပေါ်ပျံနိုင်သည့် ဂလိုက်ဒါတီထွင်သူ မြင်းခြံသားလေး ကိုသောင်းအေး အား Air Za lon ကုမ္ပဏီမှ ဂုဏ်ပြုငွေ သိန်း၁၅၀ ပေးအပ်ချီးမြင့် ဂျုလိုင် ၁၄ မြင်းခြံမြို့ လက်ခုပ်ကုန်း ကျေးရွာမှ ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ ဝပ်ရှော့ဆရာ ကိုသောင်းအေးသည် မြန်မာ့ ပထမဆုံး လေပေါ် ပျံသန်းနိုင်သည့် ဂလိုက်ဒါ စက်တပ်ယာဉ်ကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်နိုင်သည့် အတွက် မြန်မာနိုင်ငံ လေကြောင်းလိုင်း Air Za lon ကုမ္ပဏီမှ ဂုဏ်ပြုချီးမြင့်ပွဲ အခမ်းအနားကို ဂျုလိုင်၁၃ရက်နေ့က မြင်းခြံမြို့ စက်မှုဇုန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ချီးမြင့် ဂုဏ်ပြုငွေ သိန်း ၁၅၀ အား ကုမ္ပဏီမှ ရပ်မိရပ်ဖများရှေ့မှောက်တွင် ပေးအပ် ချီးမြင့်သည့်အပြင် နည်းပညာ အချက်အလက်အား သိန်းတစ်ထောင်ကျော်ဖြင့် ဝယ်ယူသွားကြောင်း မြန်မာ့စက်မှုပညာရှင် ကိုသောင်းအေးအား ဂုဏ်ပြုပေးလိုက်ရပါသည်။ Credit source::မြင်းခြံစက်မှုဇုန်သတင်း
Source : http://ift.tt/2t3iItP
via IFTTT
No comments:
Post a Comment