Saturday, July 15, 2017

YUPTလက်အောက်မှ ယာဉ်မောင်းတွေကို အဆင့်၃ဆင့် အောင်မြင်မှသာခန့်အပ်မယ် | KUMUDRA JOURNAL

ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးအများနဲ့သက်ဆိုင်သောကုမ္ပဏီ လီမိတက်(YUPT) လက်အောက်မှ ပြေးဆွဲနေတဲ့ ယာဥ်လိုင််းတွေမှာ မောင်းနှင်မယ့် ယာဥ်မောင်းတွေကို ကုမ္ပဏီက သတ်မှတ်ထားတဲ့ အဆင့်၃ဆင့် အောင်မြင်မှသာ ခန့်အပ်မှာဖြစ်တယ်လို့သိရပါတယ်။ YUPT လက်အောက်မှာ မော်တော်ယာဥ်အစီး ၅ဝဝ အသစ်ထပ်ပြေးဆွဲမှာဖြစ်ပါတယ်။ အဲသည်ကားအသစ်တွေအတွက် မောင်းနှင်မယ့် ယာဥ်မောင်းတွေကို အဆင့် ၃ဆင့် အောင်မြင်ပြီးတဲ့ သူ ၄ဝဝနီးပါး ရှိတယ်လို့လည်း ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သောကုမ္ပဏီ လီမိတက်မှ ယာဥ်ပြုပြင်ရေးဌာနမှ မန်နေဂျာ ဦးအေးသောင်းကပြောပါတယ်။ “လူတွေ့အောင်ပြီး နောက်အဆင့်တွေကျမှ ပြန်ကျတဲ့ လူတွေလည်းရှိတယ်။အောင်မြင်ပြီးတဲ့ သူတွေကတော့ သူတို့နေရပ်လိပ်စာနီးစပ်တဲ့ YUPT လက်အောက်ယာဥ်လိုင်းတွေမှာ ပေးမောင်းမယ်။”လို့ ဦးအေးသောင်းကပြောပါတယ်။ ပထမအဆင့်အနေနဲ့ ကုမ္ပဏီကနေ လူတွေ့စစ်ဆေး ပြီးအေ အဆင့်အောင်တဲ့ ယာဥ်လုပ်သားတွေကို နောက်ထပ် ၃ရက် သင်တန်းပေးမှာဖြစ်ပါတယ်။ အဲ့သည့် နောက်မှာ ပထမတစ်ရက်ကို အမှတ်(၃)လမ်းပေါ်နဲ့ ပြည်လမ်းပေါ်မှာ ယူသုံးကားနဲ့စမ်း မောင်းခိုင်းမှာ ဖြစ်ပြီး နောက်ရက်တွေမှာမြို့ထဲမှာ ၅၈ယာဥ်လိုင်း နဲ့ ၇ယာဥ်လိုင်းမှာမောင်း မောင်းခိုင်းပြီး စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ဦးအေးသောင်းက ပြောပါတယ်။ ယာဥ်မောငး်ကို ခေါ်တဲ့ အခါမှာလည်း လိုင်စင် အနီတွေကို ခေါ်ယူတာ ဖြစ်ပြီး လိုင်စင်အနက် ၃နှစ် အထက်ဖြစ်ပါက နေပြည်တော်မှာ သင်တန်းတက်ပြီး ကုမ္ပဏီရဲ့ အဆင့်(၃)ဆင့်ကို အောင်မြင်မှသာ လုပ်ငန်းခွင်ထဲ ဝင်ရမှာဖြစ်တယ်လို့သိရပါတယ်။ YUPTမှာလိုအပ်သောလူဦးရေမှာ အယောက် ၇ဝဝလိုအပ်တာဖြစ်ပြီး အခြေခံလစာ ၃သိန်းကျပ်နဲ့ ခေါက်ကြေးတစ်ခေါက်ကို ၂ဝဝဝရမှာဖြစ်ပါတယ်။အဲ့သည့်ခေါက်ကြေး တစ်ရက် ၄ခေါက်ကျော်သွားပါကခေါက်ကြေးနှစ်ဆရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ မောင်းရမယ့်ယာဥ်အမျိုးအစားမှာ YUPT air-con bus car manual ဘယ်မောင်းဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ YUPTလက်အောက်မှာ ယာဥ်လိုင်း ၂၁လိုင်း ရှိပြီး ကားအစီးရေ ၂၄ဝ ပြေးဆွဲ နေပြီး နောက်ထပ် အစီး၅ဝဝမှာ ကုမ္ပဏီလက်ထဲရောက်ရှိနေပေမယ့် စာရွက်စာတမ်းနဲ့ အချက်အလက်ကို စောင့်နေရတဲ့ အတွက် မပြေးဆွဲနိုင်သေးတာပါတယ်။ မို့မို့သန္တာ
Source : http://ift.tt/2v38qva
via IFTTT

No comments:

Post a Comment