ပြည်တွင်း၌ ထုတ်လုပ်သည့် ဈေးချိုသော အရက်များတွင် အီသနောနှင့် Fuel Oil များ သတ်မှတ်စံနှုန်းထက် ၁၀ ရာခိုင်နှုန်းကျော် ပါရှိသောကြောင့် သောက်သုံးသူများ အသည်းထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့လျက်ရှိကြောင်း သိရ အခြေခံ လူတန်းစားများ အဓိက သောက်သုံးသော ပြည်တွင်း၌ ထုတ်လုပ်သည့် ဈေးချိုသော အရက်များတွင် အီသနောနှင့် Fuel Oil များ သက်မှတ်စံနှုန်းထက် ၁၀ ရာခိုင်နှုန်းကျော်ပါ ရှိသောကြောင့် သောက်သုံးသူများ၌ အသည်း ထိခိုက်ဒဏ်ရာရမှုများ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းနှင့်ပြည်နယ် အားလုံးမှ ထုတ်လုပ်လျက်ရှိသော ပြည်တွင်း အရက်များ၏ နမူနာ ၁၀ ခုယူကာ ဓာတ်ခွဲခန်းတွင် စစ်ဆေးစမ်းသပ် ကြည့်ရာမှ ယခုလို တွေ့ရှိရခြင်းဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်က ဇူလိုင် ၂၃ ရက်က မန္တလေး မြို့တော်ခန်းမတွင် ကျင်းပသည့် အမျိုးသားရေး အမြင်ဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲတွင် ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များအကြောင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ “ပြည်တွင်းက အခြေခံ လူတန်းစားတွေ သောက်သုံးကြတဲ့ ဈေးချိုတဲ့ အရက်တွေကို စစ်ဆေးခဲ့တာဖြစ်ပြီး သောက်သုံးသူတွေအတွက် အန္တရာယ်ရှိတာတွေ ပါဝင်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး FDA ရဲ့ သတ်မှတ်စံနှုန်းကို ချိုးဖောက်ပြီး ထုတ်လုပ်နေကြတဲ့ ပြည်တွင်းအရက်တွေကို ကိုင်တွယ်ဖြေရှင်းရမှာက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပါတယ်။ လိုအပ်သလို အရေးယူပေးဖို့လည်း အကြောင်းကြားထားပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ချစ်က ပြောကြားသည်။ ထို့အတူပင် မြန်မာပြည်သူအများစု စားသုံးနေကြသည့် ကွမ်းယာများတွင်လည်း ကွမ်းသီးများကို အရောင်ကျွတ်အောင် ပြုလုပ်သည့် ဟိုက်ဒရိုဂျင် ဆာလဖိုက်များ ရာခိုင်နှုန်း ၅၀ ကျော် ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိနေသည့် ဘုရင့်နောင် လက်လီလက်ကားဈေးကြီး အတွင်းရှိ မီးဖိုချောင်သုံး စားသောက်ကုန်များ ဖြစ်သည့် ပုစွန်ခြောက်၊ ပဲများ၊ ဆီများကို စစ်ဆေးသော အခါတွင်လည်း တားမြစ်ဆိုးဆေးများ အသုံးပြုထားသည်ကို တွေ့ရကြောင်း ဒေါက်တာခင်ချစ်က ပြောကြားသည်။ အချို့သော လုပ်ငန်းရှင်များသည် စားသောက်ကုန် ထုတ်လုပ်ရာတွင် သက်မှတ်စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ကာ လုပ်ဆောင်လျက်ရှိပြီး ယင်းကိစ္စရပ်များကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း စားသုံးသူ တိုင်ကြားမှု အရေးယူဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအောင်မြင့်က ပြောကြားသည်။ မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသားရေး အမြင်ဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ FDA နှင့် စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်တွင်းမှ ထုတ်လုပ်သူ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2vQfE5m
via IFTTT
No comments:
Post a Comment