Thursday, July 6, 2017

Eleven Media Group

တာမွေမြို့နယ်တွင် ဒုဦးစီးမှူး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်အား သေမှုသေခင်းမှ လူသတ်မှု ပုဒ်မသို့ ပြောင်းလဲအမှုဖွင့် တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဒုဦးစီးမှူးတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့သည့် ဖြစ်စဉ်ကို ယခင်အမှုဖွင့်ထားသည့် သေမှုသေခင်းမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲကာ အမှုဖွင့်ထားပြီးဖြစ်ကြောင်း ဇူလိုင် ၅ ရက်က တာမွေမြို့မရဲစခန်းမှ သိရသည်။ “အရင်က သေမှုသေခင်းနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အခုက မှုခင်းဆရာဝန်ကြီးရဲ့ တင်ပြချက်နဲ့ လူသတ်မှုကို ပြောင်းလဲပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၃ ရက် ညပိုင်းက ပုဒ်မပြောင်းလဲ လိုက်တာပါ။ ကျူးလွန်သူကို ဖမ်းဆီးရမိဖို့အတွက် ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်” ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဇူလိုင် ၅ ရက်တွင် ပြောကြားသည်။ 00:00 / 00:00 00:00 သေဆုံးသူ၏ အလောင်းအား စစ်ဆေးရာတွင် ခေါင်း၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့၌ ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပြီး လည်ပင်း၌ ကြိုးဒဏ်ရာများ တွေ့ရှိခဲ့ကာ သေဆုံးရသည့် အကြောင်းရင်းမှာ လည်ပင်းဖိအားကြောင့်ဟု မှုခင်းဆရာဝန်ကြီးက ပြန်ကြားထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မတ် ၁၅ ရက် နံနက် ၁၀ နာရီ ကျော်ခန့်တွင် တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ယင်းအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ကို....(၃၅ နှစ်) ဖြစ်ကြောင်း သိရသည်။ ဆွဲကြိုးချသေဆုံးခဲ့သည့် ဒုဦးစီးမှူးမှာ အဆိုပါရုံး၏ နောက်ဘက်ရှိ အဆောင်တွင် နေထိုင်သူဖြစ်ပြီး ရုံးဝန်ထမ်းများနှင့်လည်း အဆင်ပြေသူ တစ်ဦးဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ နံနက် ၈ နာရီခန့်အထိ ရုံးဝန်ထမ်းများနှင့် ဖုန်းအဆက်အသွယ် ရခဲ့ကြောင်း၊ အဆိုပါရုံး သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေသည်မှာ နှစ်နှစ်ကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ နံနက် ၁၀ နာရီခန့်တွင် ရုံးသို့ရောက်ရှိလာခြင်း မရှိသဖြင့် ဝန်ထမ်းများက ၎င်းနေထိုင်ရာ ရုံးနောက်ဘက်ရှိ အဆောင်သို့ သွားရောက်ကြည့်ရှုရာ အိပ်ခန်းဝင်ပေါက် ထုပ်တန်းတွင် ပုဆိုးအား အသုံးပြုကာ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆွဲကြိုးချသေဆုံးခဲ့သည့် တာမွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူးမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့် အမှုတွင် ပူးပေါင်းပါဝင်သူဟု စွပ်စွဲခံထားရသည့် ဇေယျာဖြိုးအား ဖမ်းဆီးရာတွင် ပါဝင်သူတစ်ဦး ဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။
Source : http://ift.tt/2ss6St3
via IFTTT

No comments:

Post a Comment