ခန္တီးမြို့မှ အခြေစိုက် ပြေးဆွဲနေသော လူစီးရှော်တယ်များ ပြေးဆွဲမှုကို စတင်ပိတ်လိုက်ပြီး မုံရွာမြို့တွင် စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာ ကျော်ပါက ရေယာဉ်လိုင်းများ ပြေးဆွဲခြင်း ခေတ္တရပ်နားမည် ချင်းတွင်းမြစ် အထက်ပိုင်းခန္တီးမြို့မှ အခြားဒေသများသို့ ပြေးဆွဲနေသော လူစီးရှော်တယ်များ၏ ပြေးဆွဲမှုကို ယနေ့မှစတင်၍ ခေတ္တရပ်နားလိုက်ပြီဖြစ်ပြီး မုံရွာမြို့၏ စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာ ကျော်ပါက မုံရွာမြို့ကို အခြေပြု ပြေးဆွဲနေသော ရေယာဉ်လိုင်းများ ပြေးဆွဲခြင်းကိုလည်း ခေတ္တရပ်နား သွားမည်ဟု သိရသည်။ “အထက်ဆန်တဲ့ စက်လှေတွေက လိုင်းပိတ်သွားပါပြီ။ ဟုမ္မလင်း - ခန္တီး ပြေးဆွဲမှုလည်း ပိတ်လိုက်ပါပြီး။ ခန္တီးကနေ ချင်းတွင်းမြစ် အထက်ပိုင်းကိုဆန်တဲ့ ရှော်တယ်လိုင်းတွေလည်း ပိတ်သွားပြီ။ ခန္တီးကတော့ အထက်လိုင်း အောက်လိုင်းပိတ်သွားပြီ။ မုံရွာကတော့ ဒီကနေ့အထိ ဆန်တုန်း၊ မနက်ဖြန်လည်းရှိအုန်းမယ် ပြောတယ်။ ခန္တီးကနေ အခြေပြုဆွဲတဲ့ ရေယဉ်လိုင်းတွေ ပိတ်သွားပြီ။ ခန္တီးမြို့ကလည်း ရေတက်တာမြန်တယ်။ ခန္တီးမြို့ထဲကို ရေကဝင်နေပြီ။ တနိုင်းဖက်က ရေလျော့နေပြီလို့ပြောတော့ ရေထပ်တိုးအုန်းမယ်။ နောက်ထပ်နှစ်ပေ၊ သုံးပေဆို မြို့ပေါ်ရေလျှံမှာ၊ လယ်ကွင်းပြင်တွေက ရေဖွေးနေပြီ” ဟု ခန္တီးမြို့ခံ ဦးအုန်းလွင်က ပြောကြားသည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေအမှတ် ၁၃၆၀ စင်တီမီတာ၊ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာ၊ ဖောင်း ပြင်မြို့၏ စိုးရိမ်ရေမှတ် ၁၃၂၅ စင်တီမီတာ၊ မော်လိုက်မြို့၏ စိုးရိမ်ရေ အမှတ် ၁၂၃၀ စင် တီမီတာတို့များ၏ အထက်သို့ အသီးသီး ရောက်ရှိနေပြီး ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကလေးဝမြို့၏ စိုးရိမ်ရေမှတ် ၁၅၅၀ စင်တီမီတာသို့ နောက်နှစ်ရက်အတွင်း ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။ “ရေယာဉ်ပိတ်ဖို့ကတော့ မနက်ဖြန် (ဇူလိုင် ၅ ရက်) မှာ ဌာနဆိုင်ရာတွေနဲ့ ရေယာဉ်ဂိတ်တွေနဲ့ အစည်းအဝေးလုပ် ညှိနှိုင်းသွားမှာပါ။ မနှစ်တုန်းကတော့ မုံရွာမြို့မှာ ၉၇၀ စင်တီမီတာ အရောက်မှာ အစည်းအဝေးလုပ်ပြီး ပိတ်ခဲ့တယ်။ ဘယ်နေ့ စပိတ်မယ် ဆိုတာကတော့ မသိသေးဘူး။ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၀၀၀ စင်တီမီတာနီးပါး ရောက်ရင်ကို မုံရွာမြို့ကနေ အခြေပြုပြေးဆွဲတဲ့ ရေယာဉ်လိုင်းတွေ ခေတ္တရပ်နားသွားပါ့မယ်။ ဒီကနေ့အထိကတော့ ပြေးဆွဲနေဆဲပါ” ဟု မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ ဦးသောင်းညွှန့်က ပြောကြားသည်။ Writer: အောင်သူထွန်း
Source : http://ift.tt/2tOUCGw
via IFTTT
No comments:
Post a Comment