Thursday, July 6, 2017

http://ift.tt/2tsA8kG

တရားစီရင်ရေးနှင့်ပတ်သက်၍ ဟောပြောခဲ့သူ ကိုစန်းအောင်ဝင်း (ခ) ကိုမှတ်ကြီးကို အလုပ်နှင့်ထောင်ဒဏ် ၂ လ ချမှတ် --- --- --- မြန်မာနိုင်ငံ တရားစီရင်မှုနှင့် ပတ်သက်ပြီး ဟောပြောခဲ့ရမှ ပုဒ်မ ၅၀၅(က) နှင့် စွဲချက် တင်ခံထားရသည့် MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို မြောက်ဥက္ကလာပ မြို့နယ် တရားရုံးတွင် ဇူလိုင် ၅ ရက်က ရုံးထုတ်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ကိုစန်းအောင်ဝင်း (ခ) ကိုမှတ်ကြီးကို အလုပ်နှင့် ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့က မြောက်ဥက္ကလာပ တရားရုံးရှေ့ တွင် မြန်မာနိုင်ငံ တရားစီရင်မှုနှင့် ပတ်သက်ပြီး ဟောပြော ခဲ့ရာမှ တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅(က) ဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါရုံးထုတ်တွင် တရာခံပြ သက်သေကို စစ်ဆေးခဲ့ပြီး လက်ရှိတွင် တရားလိုပြ သက်သေလေးဦး နှင့် တရားခံပြ သက်သေသုံးဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ ထို့အတူ MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု) အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကိုစန်းအောင်ဝင်း (ခ) ကိုမှတ်ကြီးကို မြောက်ဥက္ကလာပ တရားရုံး က အလုပ်နှင့်ထောင်ဒဏ် နှစ်လကို အပြီးအသတ်အမိန့် ချမှတ်ခဲ့သည်။ ကိုစန်းအောင်ဝင်း(ခ) ကိုမှတ်ကြီးသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မြောက်ဥက္ကလာပ တရားရုံးကို ကိုထင်ကျော် ရုံးထုတ်စစ်ဆေး သည့်နေ့တွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် အတွက် မြောက်ဥက္ကလာပ စခန်းမှူးဒုရဲမှူး လှဦးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2sJjUGG
Source : http://ift.tt/2sJjUGG
via IFTTT

No comments:

Post a Comment