Saturday, July 8, 2017

The Voice

ဝန်ဆာင်မှုနှင့် ပတ်သက်သည့် ဝေဖန်မှုအပေါ် ကမ္ဘောဇဘဏ် ဖြေရှင်းချက် ထုတ်ပြန် ------------- ၁။ ကမ္ဘောဇဘဏ်လီမိတက် လှိုင်သာယာ ဘဏ်ခွဲ (၃) တွင် စာရင်းပိုင်ရှင် ရေးထိုးရမည့် လက်မှတ်နေရာတွင် ကိုယ်စားထုတ်သူမှ လက်မှတ်တုထိုး၍ ငွေထုတ်ယူမှုဖြစ်ပွားခဲ့ရာ ဘဏ်အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ Customer များ၏ အပ်ငွေများ တစ်စုံတရာ ဆုံးရှုံးနစ်နာမှု မဖြစ်ပေါ်စေရန် ငွေထုတ်ယူခွင့်မပြုခဲ့ဘဲ စာရင်းပိုင်ရှင်၏ မှတ်ပုံတင်နှင့် ဘဏ်စာအုပ်ကို ခေတ္တထိမ်းသိမ်းပေးခဲ့ပါသည်။ ဘဏ်စာရင်းပိုင်ရှင်ထံသို့ စာရင်းဖွင့်ချိန်တွင် ပေးအပ်ထားသော ဖုန်းနံပါတ်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။ ၂။ ကိုယ်စားထုတ်ယူသူသည် ကမ္ဘောဇဘဏ်လီမိတက် လှိုင်သာယာဘဏ်ခွဲ (၃) သို့ ဒုတိယအကြိမ်ထပ်မံ လာရောက်၍ စာရင်းပိုင်ရှင်၏ နိုင်ငံကူးလက်မှတ်၊ စာချုပ်၊ ဘွဲ့လက်မှတ်တို့ဖြင့် ထုတ်ပေးရန်ပြောကြားပြီး ကိုယ်စားလှယ်မှန်ကန်ကြောင်း စာရွက်ဖြင့် လာရောက်ထုတ်ယူခဲ့ပါသည်။ သို့ရာတွင် ကိုယ်စား လာရောက်ထုတ်ယူသူတွင် မှတ်ပုံတင် မပါရှိသဖြင့် ငွေထုတ်ပေးရန် စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သောကြောင့် ငွေထုတ်ပေးခြင်းမရှိခဲ့ပါ။ ဘဏ်၏ တာဝန်ရှိသူမှ ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူလိုလျှင် မူရင်း ဘဏ်စာရင်း ဖွင့်လှစ်ထားသော လှိုင်သာယာဘဏ်ခွဲ (၂)တွင် ကိုယ်စားလှယ်၏ မှတ်ပုံတင်ဖြင့် ထုတ်ယူရန် ရှင်းပြခဲ့ပါသည်။ ထို့​နောက် ခေတ္တထိမ်းသိမ်းပေးထားသော စာရင်းပိုင်ရှင်၏ မှတ်ပုံတင်၊ ဘဏ်စာအုပ်အား ပြန်လည်​ပေးအပ်ရန် နှင့် မည်သို့ထုတ်ယူရန် လိုအပ်​ကြောင်း ဘဏ်၏ တာဝန်ရှိသူမှ ထပ်မံရှင်းပြရန်အတွက် ကိုယ်စားလာရောက်ထုတ်ယူသူအား ​ခဏ​စောင့်​့ဆိုင်ရန် ပြောကြားခဲ့သော်လည်း စောင့်ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားကြောင်း CCTV မှတ်တမ်းများအရ တွေ့ရှိရပါသည်။ ၃။ ကိုယ်စားထုတ်ယူသူသည် ကမ္ဘောဇဘဏ်လီမိတက် လှိုင်သာယာဘဏ်ခွဲ (၃) သို့ တတိယအကြိမ် ထပ်မံ လာရောက်၍ ခေတ္တ ထိမ်းသိမ်းပေးထားသော စာရင်းပိုင်ရှင်၏ မှတ်ပုံတင်နှင့် ဘဏ်စာအုပ် ပြန်လည်တောင်းယူပြီး ငွေထုတ်လိုကြောင်း ထပ်မံ ပြောကြားရာ ကိုယ်စားထုတ်ယူသူမှာ မှတ်ပုံတင်မတင်ပြနိုင်ခြင်း၊ လက်မှတ်တုရေးထိုးခဲ့ခြင်း၊ စာရင်းပိုင်ရှင်၏ ဘဏ်စာအုပ်၊ နိုင်ငံကူးလက်မှတ်၊ စာချုပ်၊ ဘွဲလက်မှတ်များကိုသာ တင်ပြနေသဖြင့် စာရင်းပိုင်ရှင်ထံမှ တနည်းနည်းဖြင့် ရယူခဲ့သည့် အထောက်အထားများဟု ယူဆသဖြင့် ငွေမထုတ် ပေးခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဘဏ်မှ ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူနိုင်မည့် ဘဏ်ပုံစံကို ပေးအပ်ခဲ့ပြီး မူရင်းဘဏ်တွင် သွားရောက်ထုတ်ယူရန် ပြောကြားခဲ့ပါသည်။ ၄။ မူရင်းဘဏ်ဖြစ်သော လှိုင်သာယာဘဏ်ခွဲ (၂) သို့ ကိုယ်စားထုတ်ယူသူမှ လာရောက် ထုတ်ယူရာတွင် ၄င်း၏ မှတ်ပုံတင်မပါရှိဘဲ လာရောက် ထုတ်ယူခြင်းဖြစ်သဖြင့် ထုတ်ယူ၍ မရကြောင်း ဘဏ်၏ တာဝန်ရှိသူမှ ရှင်းပြခဲ့ပါသည်။ ၅။ မူရင်းဘဏ်ဖြစ်သော လှိုင်သာယာဘဏ်ခွဲ (၂) သို့ ပိုင်ရှင်ကိုယ်တိုင် လာရောက်၍ ငွေထုတ်ယူရာတွင် ဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထုတ်ယူခွင့် ပြုခဲ့ပါသည်။ ၆။ အဆိုပါ ဖြစ်စဉ် အရ ကမ္ဘောဇဘဏ်လီမိတက်သည် ယုံကြည်စွာ အပ်နှံထားသည့် Customer များ၏ အပ်ငွေများ လုံခြုံမှုရှိစေရန်အတွက် ဘဏ်၏ စည်းမျဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် Customer များ၏ လုံခြုံမှုအတွက် အဆင့်တိုင်းတွင် အချက်အလက်များဖြင့် မှတ်တမ်းတင်ခြင်း၊ CCTV ဖြင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက် ထားရှိခဲ့ပါသည်။ CCTV မှတ်တမ်းအရ ကိုယ်ဝန်သည် အမျိုးသမီးဝန်ထမ်းမှာ ကိုယ်စားလာရောက် ထုတ်ယူသူနှင့် တာဝန်ယူ စကားပြောဆိုခဲ့သူ မဟုတ်ဘဲ မည်သည့် စကားမျှ ကိုယ်စားလာရောက်ထုတ်ယူသူကို ပြောဆိုခဲ့ခြင်းမရှိပါ။ ရ။ ယခုဖြစ်စဉ်တွင် ကိုယ်စားလာရောက်ထုတ်ယူသူမှ ၄င်း၏ မှတ်ပုံတင်ကို ယူဆောင်လာခြင်းမရှိပဲ စာရင်းပိုင်ရှင်၏ အထောက်အထားများဖြင့်သာ အကြိမ်ကြိမ် လာရောက်ခဲ့ခြင်းဖြစ်သဖြင့် ဘဏ်မှ ငွေထုတ်ယူခွင့်ကို ငြင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ စာရင်းပိုင်ရှင် လိုက်ပါလာချိန်တွင် ချက်ချင်းငွေထုတ်ယူခွင့် ပြုခဲ့ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ငွေပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အပ်ငွေအပ်နှံသူများ၏ ငွေကြေးများ လုံခြုံစွာ ကာကွယ်ပေးရန်နှင့် စီစစ်ရန် တာဝန်ရှိပါသည်။ ၈။ ကမေ္ဘာဇဘဏ်လီမိတက်သည် ချမှတ်ထားသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ဖြေရှင်းဆောင်ရွက်ခဲ့သည့်အပြင် ”Customer is Always Right” ဟူ၍ ယုံကြည် လက်ခံထား သောကြောင့် ဘဏ်ခွဲတာဝန်ခံနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ တောင်းပန်ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ ၉။ ကမ္ဘောဇဘဏ်လီမိတက်သည် Customer များကို အကောင်းဆုံးနှင့် ယုံကြည်စိတ်ချရမှု အရှိဆုံး ဘဏ်တစ်ခုအဖြစ် ဝန်ဆောင်မှု ပေအပ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ Customer များအနေဖြင့် ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ပါက Customer Service ဖုန်းနံပါတ် ၀၁-၂၃၀၆၂၁၇၊ ၀၁-၂၃၀၆၂၁၉ နှင့် Email – customer_service@kbzbank.com သို့ ဆက်သွယ် နိုင်ပါသည်။ Customer Service ဌာနအနေဖြင့် Customer များ စိတ်တိုင်းကျ ဖြစ်စေရန် အမြန်ဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
Source : http://ift.tt/2tzYOrH
via IFTTT

No comments:

Post a Comment