အချမ်းသာဆုံး တင်းနစ်ကစားသမား ၁၀ ဦး မကြာခင်မှာ ကျင်းပမယ့် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲ မတိုင်ခင်မှာ ထုတ်ဖော် ပြသလာတဲ့ စာရင်းဖြစ်ပြီး ကစားသမား ၄ ယောက်ပဲ ဝင်ငွေ စတာလင်ပေါင် သန်း ၅၀ နဲ့ အထက်ရရှိထားတာလည်း တွေ့ရပါတယ်။ အခုနှစ် Grand Slam ပြိုင်ပွဲဟာ သမိုင်းတလျှောက် ဆုကြေး အများဆုံး ပေးအပ်မယ့် ပြိုင်ပွဲ ဖြစ်လာပြီး ဆုကြေးငွေ စုုစုပေါင်း စတာလင်ပေါင် ၃၈ ဒသမ ၅ သန်းထိ ပေးအပ်မှာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲ မစခင်ကတည်းက Business Insider ကနေ ဖော်ပြထားတဲ့ ဝင်ငွေ အကောင်းဆုံး တင်းနစ် ကစားသမား ၁၀ ကို ကြည့်ရအောင်ပါ။ (၁၀) David Ferrer ။ ။ သူက စပိန် ကစားသမားပါ။ ပေါင် ၂၃ ဒသမ ၄ သန်းကျော် ပိုင်ဆိုင်ပါတယ်။ Grand Slam ဆု မရဖူးပါဘူး။ အခြား ဆု ၂၇ ဆုတော့ ရထားပါတယ်။ (၉) Andre Agassi ။ ။ သူက အမေရိကန် ကစားသမားဖြစ်ပြီး ပေါင် ၂၃ ဒသမ ၈သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆုကို ၈ ကြိမ်ထိ ရထားပါတယ်။ သြစတြေးလျအိုးပင်းမှာ ၄ ကြိမ်၊ အမေရိကန် အိုးပင်းမှာ ၂ ကြိမ်၊ ဝင်ဘယ်ဒန်မှာ ၁ ကြိမ်၊ ပြင်သစ် အိုးပင်းမှာ ၁ ကြိမ် ရထားပါတယ်။ အခြား ဆု ၆၀ လည်း ရထားပါတယ်။ (၈) Maria Sharapova ။ ။ သူက ရုရှသူ ဖြစ်ပြီး ပေါင် ၂၇ ဒသမ ၉ သန်းလောက် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၅ ကြိမ် ရဖူူးပြီး ပြင်သစ်အိုးပင်းကနေ ၂ ကြိမ်၊ ဝယ်ဘယ်ဒန်၊ အမေရိကန်နဲ့ သြစတြေးလျအိုးပင်းတွေကနေ ၁ ကြိမ်စီ ရထားတာပါ။ အခြား ဆု ၃၅ ဆု ရထားပါတယ်။ (၇) Venus Williams ။ ။ သူက အမေရိကန် ကစားသမားပါ။ ပေါင် ၂၈ ဒသမ ၉ သန်းလောက် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၇ ကြိမ် ရထားပြီး ဝင်ဘယ်ဒန်ကနေ ၅ ကြိမ်နဲ့ အမေရိကန် အိုးပင်းကနေ ၂ ကြိမ် ရထားတာပါ။ အခြားဆု ၄၉ ခုလည်း ရထားပါသေးတယ်။ (၆) Pete Sampras ။ ။ အမေရိကန် ကစားသမား ဖြစ်ပြီးသူလည်း ပေါင် ၃၃ သန်းကျော်လောက် ချမ်းသာပါတယ်။ Grand Slam ဆု ၁၄ ကြိမ်ထိအောင် ရထားတာ တွေ့ရပြီး ဝင်ဘယ်ဒန်ကနေ ၇ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၅ ကြိမ်၊ သြစတြေးလျအိုးပင်းကနေ ၂ ကြိမ် ရထားသလို အခြား ဆု ၆၄ ဆု ရယူထားပါတယ်။ (၅) Andy Murray ။ ။ ဗြိတိန်ကစားသမား ဖြစ်ပြီး ပေါင် ၄၆ ဒသမ ၄ သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၃ ကြိမ်ပဲ ရဖူးပါတယ်။ ဝင်ဘယ်ဒန်ကနေ ၂ ကြိမ်နဲ့ အမေရိကန်အိုးပင်းကနေ ၁ ကြိမ် ဖြစ်ပါတယ်။ အခြားဆုတော့ ၄၅ ခုလောက် ရထားပါတယ်။ (၄) Serena Williams ။ ။ အမေရိကန် ကစားသမား ဖြစ်ပြီး ပေါင် ၆၄ ဒသမ ၅ သန်းလောက်ထိ ပိုင်ဆိုင်ထားသူပါ။ Grand Slam ဆုကို ၂၃ ကြိမ်ထိအောင် ရယူထားနိုင်သူ ဖြစ်ပါတယ်။ ဝင်ဘယ်ဒန်ကနေ ၇ ကြိမ်၊ သြစတြေးလျ အိုးပင်းကနေ ၇ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၆ ကြိမ်၊ ပြင်သစ်အိုးပင်းကနေ ၃ ကြိမ် ရထားသလို အခြားဆုတွေနဲ့ဆိုရင် အားလုံးပေါင်း ၇၂ ခု ရထားပါတယ်။ (၃) Rafael Nadal ။ ။ စပိန်ကစားသမား ဖြစ်ပြီး သူကလည်း ပေါင် ၆၅ ဒသမ ၉ သန်းလောက် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၁၄ ကြိမ်ထိအောင် ရထားပါတယ်။ ပြင်သစ်အိုးပင်းကနေ ၉ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၂ ကြိမ်၊ ဝင်ဘယ်ဒန်ကနေ ၂ ကြိမ်၊ သြစတြေးလျ အိုးပင်းကနေ ၁ ကြိမ် ရထားပြီး အခြားဆု ၇၃ ခုလည်း ရထားသူပါ။ (၂) Roger Federer ။ ။ ဆွစ်ဇာလန် ကစားသမား ဖြစ်ပြီးသူက ပေါင် ၈၂ ဒသမ ၃ သန်းလောက်ထိ ချမ်းသာသူပါ။ Grand Slam ဆု ၁၉ ကြိမ်ထိအေင် ရယူထားနိုင်တာ တွေ့ရပါတယ်။ ဝင်ဘယ်ဒန်ကနေ ၈ ကြိမ်၊ အမေရိကန် အိုးပင်းနဲ့ သြစတြေးလျ အိုးပင်းတွေကနေ ကြိမ်စီ၊ ပြင်သစ်အိုးပင်းကနေ ၁ ကြိမ် ရထားပါတယ်။ (၁) Novak Djokovic ။ ။ ဆားဘီးယား ကစားသမားက အခုလက်ရှိမှာ အချမ်းသာဆုံး တင်းနစ် ကစားသမား ဖြစ်နေပြီး ပေါင် ၈၃ ဒသမ ၈ သန်းလောက်ထိအောင် ပိုင်ဆိုင်ပါတယ်။ Grand Slam ဆု ၁၂ကြိမ် ရထားပြီး သြစတြေးလျ အိုးပင်းကနေ ၆ ကြိမ်၊ ဝင်ဘယ်ဒန်ကနေ ၃ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၂ ကြိမ်၊ ပြင်သစ်အိုးပင်းကနေ ၁ ကြိမ် ရထားသလို အခြားဆု ၆၈ ခု ရထားတာ ဖြစ်ပါတယ်။ Ref: www.dailymail.co.uk The post အချမ်းသာဆုံး တင်းနစ်ကစားသမား ၁၀ ဦး appeared first on ဧရာဝတီ.
Source : http://ift.tt/2h5Rwte
via IFTTT
No comments:
Post a Comment