Tuesday, September 19, 2017


ရခိုင်အရေး ကုလသမဂ္ဂတွင် တရုတ်က မြန်မာကို ထောက်ခံ အမျိုးသားလုံခြံရေးကို ကာကွယ်ရန်နှင့် ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများကို ဆန့်ကျင် တိုက်ဖျက်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်အား ပြောကြားလိုက်ကြောင်း နယူးယောက်မှ လာသော သတင်းများက ဆိုသည်။ ရခိုင်ပြည်နယ် လုံခြုံရေးကို ကာကွယ်ရန် မြန်မာအစိုးရ၏ အားထုတ်မှုများကို နားလည် ထောက်ခံပြီး စစ်မီးလျှံများကို မကြာမီ ငြိမ်းသတ်နိုင်မည် ဟု မျှော်လင့်ကြောင်း တနင်္လာနေ့က ကုလသမဂ္ဂတွင် ပြုလုပ်သော အစည်းအဝေးတွင် ဝမ်ယီက ဂူတာရက်အား ပြောခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ယနေ့နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ လွန်ခဲ့သောလအတွင်း ရခိုင်ပြည်နယ်မှ စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများကို မြန်မာ လုံခြုံရေးတပ်များက တုံ့ပြန် တိုက်ခိုက် ခဲ့သောကြောင့် ရိုဟင်ဂျာ ဟု ဆိုသူ မွတ်ဆလင် ၄၁၀၀၀၀ ခန့်သည် အိမ်နီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြရကာ ကုလသမဂ္ဂက ယင်း စစ်ဆင်ရေးများကို လူမျိုးတုံး သတ်ဖြတ်ခြင်း ဟု တံဆိပ်ကပ်သည်။ တိုက်ပွဲများ အတွင်း လူ ၄၀၀ ခန့်သေဆုံးသည် ဟု မြန်မာအစိုးရက ကြေညာသည်။ စစ်ရေးအရ အရေးယူမှုများ ရပ်တန့်ရန် ဗြိတိန်၊ ပြင်သစ်နှင့် သြစတြေလျတို့က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တနင်္လာနေ့က တိုက်တွန်းလိုက်သည်။ စစ်ဆင်ရေးမှာ စက်တင်ဘာ ၅ ရက်နေ့ကတည်းက ရပ်တန့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ယနေ့ စက်တင်ဘာ ၉ ရက် မနက် နေပြည်တော်တွင် ကျင်းပသော နိုင်ငံတကာ သံတမန်များအား ရခိုင်ပြည်နယ်အရေး တင်ပြဆွေးနွေးရာတွင် ပြောပြီး နိုင်ငံမှ ထွက်ပြေးရသူများ ပြန်လာနိုင်သော်လည်း လက်ခံမည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရမည် ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားလုံခြုံရေး အကြံပေးဦးသောင်းထွန်းက ပြောသည်။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသူများ အတွက်လည်း တရုတ်နိုင်ငံက ကရုဏာ သက်မိကြောင်းနှင့် လူသားချင်း စာနာမှု အကူအညီများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပေးပို့မည် ဖြစ်ကြောင်း ဝမ်ယီက ပြောသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ပြဿနာကို ညှိနှိုင်း ဆွေးနွေး အဖြေရှာရန်လည်း တရုတ်နိုင်ငံက အားပေးသည် ဟု ဝမ်ယီက ပြောကြောင်းလည်း သတင်းတွင် ကိုးကားဖော်ပြသည်။ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း သူ့နည်းနဲ့ သူ ဆက်လက် ဖြစ်ပေါ်နေဖို့ တရုတ်နိုင်ငံက လိုလားပြီး နိုင်ငံတကာ အသိုင်းအဝန်း ကလည်း အခြေအနေ တင်းမာမှု လျော့ကျအောင် လုပ်ပြီး တွေ့ဆုံဆွေးနွေးရေးကို အားပေးဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နိုင်ပါတယ်” ဟု သူက ပြောသည်။ တရုတ်နှင့် မြန်မာတို့သည် ရင်းနှီးသော စီးပွားရေး၊ သံတမန်ရေး ဆက်ဆံမှုများ ရှိကြပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်သောကြောင့် ၂ နိုင်ငံအကြား ဆက်ဆံရေး အားနည်းမည်ဟူသော မျှော်လင့်ချက်များ ဖြစ်မလာစေရန် တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့သည်။ The post ရခိုင်အရေး ကုလသမဂ္ဂတွင် တရုတ်က မြန်မာကို ထောက်ခံ appeared first on ဧရာဝတီ.
Source : http://ift.tt/2xb2UdQ
via IFTTT

No comments:

Post a Comment