Wednesday, September 20, 2017


ပန်းချီ မောင်မောင်သိမ်း (ပုသိမ်) ရဲ့ ရှုခင်းပန်းချီကားများ မြန်မာနိုင်ငံ ဒေသအနှံ့က သဘာဝရှုခင်းတွေ၊ လူနေမှု ဓလေ့တွေသာမက ထိုင်းနိုင်ငံဖူးခက် ကမ်းခြေ မြင်ကွင်းတွေပါ ကြည့်ရှု ခံစားနိုင်မယ့် ပန်းချီပွဲကတော့ ပန်းချီမောင်မောင်သိမ်း (ပုသိမ်) ရဲ့ ၅ ကြိမ်မြောက် တကိုယ်တော် ပန်းချီပွဲပါ။ ဒီ ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းမှာ စက်တင်ဘာ ၁၈ ရက်ကနေ ၂၅ ရက်နေ့ အထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပန်းချီမောင်မောင်သိမ်း (ပုသိမ်) ဟာ ၁၉၅၀ ခုနှစ်က စပြီး ပန်းချီနည်းပြဆရာ တဦး အဖြစ်၊ အထူးသဖြင့် ကလေးပန်းချီကို သင်ကြားပေးလာသူ ဖြစ်ပါတယ်။ ယခုအခါ အသက် ၇၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပန်းချီမောင်မောင်သိမ်း (ပုသိမ်) ဟာ ပန်းချီဆရာကြီးတွေ ဖြစ်တဲ့ ဆရာမြစ်၊ ဦးမောင်မောင်မြ၊ ဦးသက်ဝင်းတို့ရဲ့ တပည့်တဦးလည်းဖြစ်ပါတယ်။ ဒီပန်းချီပြပွဲမှာ ၁၉၈၀ ကျော်နှစ်တွေက ရေးဆွဲခဲ့တဲ့ မြန်မာ့ရေ မြေ တော တောင် ရှုခင်း၊ လူနေမှုဓလေ့နဲ့ ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံ၊ ဖူးခတ်မှာ အောက်ဒိုး ရေးဆွဲခဲ့တဲ့ ရှုခင်းပန်းချီကားတွေကို ပြသထားတာဖြစ်ပါတယ်။ ဆီဆေး၊ အခရိုင်းလစ် ပန်ချီကား ၆၀ ပြသထားပြီး ပန်းချီကားဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၀၀ ကနေဒေါ်လာ ၇၀၀ အထိ သတ်မှတ်ထား ပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် သူ့ရဲ့ပန်းချီပွဲကို မလာနိုင်တဲ့ ပန်းချီ မောင်မောင်သိမ်း (ပုသိမ်) က “အနုပညာဟာ မိုးကောင်းကင်လောက် ကျယ်ဝန်းတယ်။ အနုပညာ လိုက်စားသူတိုင်းမှာ ကိုယ်ပိုင်ဟန်ရှိပါတယ်။ အခြေခံ အတတ်ပညာကို သင်ယူပါ။ ကိုယ်ပိုင် လက်ရာများကို ဖန်တီးပါ။ အခြား ပန်းချီဆွဲသူများ၏ ဟန်များမှာ သူတို့ဟန် ဖြစ်ပါတယ်။ ကိုယ်နဲ့ တခြားစီပါ။ မိမိပြုစုထားသော ဟန်ဖြင့် ဖန်တီးဖော်ထုတ်ပါ။ ကိုယ်ဖန်တီးတဲ့ ဟန်ကို ဂုဏ်ယူတတ်ပါစေ” လို့ မျိုးဆက်သစ် အနုပညာရှင်များကို အမှာစကား ပါးထားတာလည်း ပြခန်းမှာ တွေ့ရပါတယ်။ The post ပန်းချီ မောင်မောင်သိမ်း (ပုသိမ်) ရဲ့ ရှုခင်းပန်းချီကားများ appeared first on ဧရာဝတီ.
Source : http://ift.tt/2xge5PZ
via IFTTT

No comments:

Post a Comment