Sunday, September 17, 2017


အိပ်မက်မက်ခြင်းက ရူးသွပ်မှုကို မဖြစ်စေနိုင် ဟုဆို အချို့သောသူတွေက ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်စက်ကြတယ်၊ တချို့က အိပ်မပျော်တဲ့ရောဂါ ခံစားရလောက်အောင် အိပ်ဆေးတွေ သောက်ပြီး အိပ်ရလောက်အောင် အိပ်မပျော်ကြဘူး။ ဒါပေမယ့် ဘယ်လိုပဲ အိပ်စက်သည်ဖြစ်စေ၊ ကောင်း ကောင်း အိပ်ပျော်သွားရင်တော့ အိပ်မက်တွေ မက်တတ်ကြတယ်။ ဒီနေရာမှာ အိပ်မက်မက်ခြင်းဟာ အိပ်မောကျမှ မက်ခြင်း ဖြစ်ပေမယ့် အိပ်မောကျသူတိုင်းတော့ အိပ်မက် မမက်ကြဘူးလို့ လေ့လာချက်တွေအရ သိရပါတယ်။ တကယ်လို့ သင့်အနေနဲ့ ညဘက်အိပ်စက်ချိန်တွေမှာ အိပ်မက်မက်လေ့ ရှိ၊ မရှိ သင်ကိုယ်တိုင် အသိဆုံးဖြစ်မှာ ဖြစ်ပြီး တ ကယ်လို့ အိပ်မက်မက်လေ့မရှိဘူးဆိုရင်တော့ ရူးသွပ်ခြင်းလို၊ စိတ်ကစဉ့်ကလျား ဖြစ်နိုင်ခြေ စိတ်အခြေအနေ မမှန်ခြင်းတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သြစတြေးလျနိုင်ငံ သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်တွေအရ သိလာရပါတယ်။ မယ်ဘုန်းမှာရှိတဲ့ ဆွင်းဘားနင်း တက္ကသိုလ်က ပါမောက္ခ Matthew Paseရဲ့ Neurology ဂျာနယ်မှာ ရေးသားဖော်ပြထား တဲ့ဆောင်းပါးအရဆိုရင် လူတယောက်ဟာ REM (Rapid Eye Movement )ဆိုတဲ့ ကောင်းကောင်းအိပ်မောကျနေတဲ့ အ ချိန်မှာ အိပ်မက်မက်မှုတွေ ဖြစ်နိုင်ပြီး စိတ်စွဲလမ်းခြင်းဆိုင်ရာအချက်တွေကြောင့် ပျော်စရာ၊ ကြောက်စရာစတဲ့ အိပ်မက်စုံကို မက်လေ့၊ မက်နိုင်ကြပါတယ်။ တချို့ကတော့ စိတ်ပိုင်းဆိုင်ရာအနေအထားရော ကျန်းမာရေးအခြေအနေတွေကြောင့် အိပ်မက်မက်လေ့မရှိဘူးလို့ ဆိုသလို ဒီလို အိပ်မက်မက်လေ့ မရှိသူတွေအနေနဲ့ စိတ်ကျန်းမာရေး အားနည်းလေ့ရှိပြီး ရူးသွပ်ခြင်း အပါအဝင် စိတ်အားနည်းမှု၊ စိတ် ရောဂါခံစားရမှုအပိုင်းမှာ တခြားအိပ်မက်မက်သူတွေထက် ချို့ယွင်းနိုင်မှု ပိုများတယ်လို့ ဆိုထားတာပဲဖြစ်ပါတယ်။ မူလက ပါမောက္ခ Paseနဲ့ အဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈အတွင်း အိပ်စက်နေချိန် နှလုံးနဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်နဲ့ သက်ဆိုင်ရာလေ့လာမှုတွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး အဆိုပါလေ့လာမှုကနေ နောက်ဆက်တွဲ အိပ်စက်ရင်း အိပ်မက် မက်မှုနဲ့ အခြားရောဂါခံစားရမှုတွေကို လေ့လာမှုမှာ အခုလို အိပ်မက်မမက်သူတွေအနေနဲ့ စိတ်ရောဂါခံစားရနိုင်မှု ပိုများတာ ကို တွေ့ရှိလာရတာ ဖြစ်ပါတယ်။ အိပ်မက်မက်နိုင်တဲ့ အိပ်မောကျကာလကို REM အဖြစ် သတ်မှတ်ပြီး အရွယ်ရောက်သူတွေအနေနဲ့ အိပ်ချိန်အားလုံးရဲ့ ၂၀ ရာ ခိုင်နှုန်းလောက်ထိအောင် ပျမ်းမျှ REM အနေအထားနဲ့ အိပ်စက်နေကြတာ ဖြစ်ပြီး အဆိုပါအချိန်အတွင်း အိပ်မက်မက်ဖို့ လို အပ်တာလည်း ဖြစ်ပြီး စိတ်ကျန်းမာရေး ကောင်းမွန်သူတွေအနေနဲ့ အများစုဟာ အဆိုပါကာလမှာ အိပ်မက်မက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ) လူတယောက်အနေနဲ့ အဆိုပါ REM အနေအထားရောက်ဖို့ စတင် အိပ်စက်ချိန်ကနေ မိနစ် ၈၀ ကနေ ၁၀၀အတွင်း ရောက်ရှိ နိုင်ပြီး တဆက်တည်း REM ပုံစံ အိပ်စက်တတ်သူတွေ ရှိသလို တချို့လည်း အိပ်မက်လိုက်၊ နိုးလိုက်၊ ပြန်အိပ်လိုက်၊ REM အနေအထား အိပ်မောကျသွားလိုက် လည်နေတာလည်း ဖြစ်ပါတယ်။ ပါမောက္ခ Paseနဲ့ အဖွဲ့ဟာ လူတွေရဲ့အိပ်စက်မှုကို ၁၉ နှစ်တာကြာအောင် စောင့်ကြည့်လေ့လာမှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပြီး အဆိုပါ စောင့်ကြည့်လေ့လာနေမှုကာလအတွင်း အိပ်မက်မက်မှု နည်းသူတွေ၊ အိပ်မက်မမက်သူတွေမှာ စိတ်ရောဂါ အားနည်းချက်၊ ရူးသွပ်ခြင်းနဲ့ ဦးနှောက် အမြှေးရောင်ရောဂါလို ဖြစ်သူတွေ ရှိလာတာလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အိပ်မက်မမက်ခြင်းက စိတ်ကျန်းမာရေး အားနည်းမှုကို ဖော်ပြခြင်းတခု ဖြစ်ပြီး ရူးသွပ်ခြင်းလို စိတ်ကျန်းမာ ရေးရောဂါတွေ ခံစားရနိုင်မှု ပိုများနိုင်တယ်လို့ Pase က ပြောပါတယ်။ ပျမ်းမျှအနေနဲ့ အိပ်မက် မမက်သူ၊ ညတိုင်း မမက်ဘဲ တခါလောက်ပဲ အိပ်မက်မက်သူတွေ၊ အိပ်မက်မှု နည်းသူတွေဟာ ပုံ မှန်အိပ်မက်သူတွေထက် ရူးသွပ်မှု၊ ဒါမှမဟုတ် စိတ်ကျန်းမာရေး ထိခိုက်ခံရမှု ၉ ရာခိုင်နှုန်းလောက်ထိအောင် ပိုမိုစေနိုင် တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Pase ကိုယ်တိုင် ဝန်ခံထားတာ တခုကတော့ သူ့အနေနဲ့ အခုထိအောင် အိပ်မက် မမက်သူတွေ၊ အမက်နည်းသူ တွေကို ဘယ်လို အိပ်မက်မက်အောင် နေထိုင်အိပ်စက်မလဲဆိုတာ မပြောတတ်သေးတာဖြစ်ပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ စိတ်ဖိစီးမှု မထားဘဲ အိပ်စက်ခြင်းကနေ အိပ်မောကျစေနိုင်ပြီး အိပ်မက်မက်နိုင်ခြေ များနိုင် ကြောင်း၊ အိပ်စက်ရင်း ဟောက်တတ်သူတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှု နည်းတတ်တာကြောင့် အသက်ရှူလမ်း ကြောင်းပိုင်း ကောင်းမွန်အောင် နေထိုင်ရင်း အိပ်စက်ချိန်မှာ မဟောက်အောင် အိပ်စက်ပြီး အိပ်မောကျအောင် အိပ်စက် မယ်ဆိုပါက အိပ်မက်မက်နိုင်ခြေ ပိုလာနိုင်ကြောင်း အကြံပေးပြောထားတာတော့ တွေ့ရပါတယ်။ အရက် အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ခြင်းနဲ့ အရမ်း ပူလွန်း၊ အေးလွန်းတဲ့နေရာတွေမှာ မအိပ်စက်ဘဲ သင့်တင့် တဲ့နေရာတွေမှာ အမှောင်ချ အိပ်စက်ခြင်းတွေကလည်း အိပ်မောကျစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်တယ်လို့ Pase က ပြော ပါတယ်။ www.rd.com The post အိပ်မက်မက်ခြင်းက ရူးသွပ်မှုကို မဖြစ်စေနိုင် ဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2xIdTMr
via IFTTT

No comments:

Post a Comment