Monday, September 18, 2017


ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးကိစ္စ ကောင်စစ်ရေးရာ တွေ့ဆုံခွင့် တောင်းဆိုထား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာအလွတ်တန်း ဓာတ်ပုံသတင်းထောက်နှစ်ဦး ကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးရန် မြန်မာသံရုံး၊ ဒါကာမြို့သို့ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ုလိုက်သည်။ ဂျာမနီနိုင်ငံ၊ ဟမ်းဘာခ့်အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားတွင် သတင်းရယူနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသတင်းထောက်နှှစ်ဦးဖြစ်သည့် ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ တရားဝင်စာပေးပို့လျက် ကောင်စစ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခွင့်ရရှိရန်နှင့် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရန် တောင်းဆိုထားကြောင်း သိရသည်။ ထ့ိုပြင် ဒါကာမြို့ရှိ မြန်မာသံရုံးသို့လည်း မြန်မာသတင်းထောက်နှစ်ဦးအတွက် ကောင်စစ်ရေးရာ တွေဆုံခွင့် အမြန်ဆုံးရရှိရန်နှင့် သွားရောက်တွေ့ဆုံမှု အမြန်ဆုံးပြုလုပ်လျက် လိုအပ်သည့် အကူအညီများပေးနိုင်ရေးအတွက် ညွှန်ကြားထားကြောင်း၊ မြန်မာသံရုံးအနေဖြင့် အဆိုပါသတင်းထောက်နှစ်ဦးအား ကောင်စစ်ရေးရာတွေ့ဆုံမှု ပြုလုပ်နိုင်မှုအခြေအနေနှင့် ထူးခြားမှုများကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သော ကော့ဘဇားတွင် ဒေသဆိုင်ရာ အာဏာပိုင်များက လွန်ခဲ့သော တပတ်ကျော်ကတည်းက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန်- မြန်မာဂျာနယ်လစ် ၂ ဦးအား ဘင်္ဂလားဒေ့ရှ်က သူလျှိုမှုဖြင့် စွပ်စွဲဖမ်းဆီးထား The post ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးကိစ္စ ကောင်စစ်ရေးရာ တွေ့ဆုံခွင့် တောင်းဆိုထား appeared first on ဧရာဝတီ.
Source : http://ift.tt/2wAoJiL
via IFTTT

No comments:

Post a Comment