Friday, September 15, 2017


ကုလသမဂ္ဂ အရေးယူမှု အသစ် ဒုံးပျံပစ်လွတ်ကာ မြောက်ကိုရီးယား တုံ့ပြန် ကုလသမဂ္ဂ က မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှု အသစ် ချမှတ်ပြီးနောက်မှာပဲ မြောက်ကိုရီးယားက ဂျပန်လေပိုင်နက်ကို ဖြတ်ကာ ပစ္စဖိတ်သမုဒ္ဒရာအတွင်းသို့ စမ်းသပ်ပစ်လွတ်လိုက်ပါတယ်။ ဂျပန်နိုင်ငံ ဟော့ကိုင်ဒိုးကျွန်း အနီး လေပိုင်နက်ကို ဖြတ်ကာ ပစ်ခတ်စမ်းသပ်တဲ့ မြောက်ကိုရီးယား ဒုံးပျံကြောင့် ဂျပန်လူထုကို တပ်လှန့်နိုးဆော်မှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားက စစ်ဘက်ကလည်း “မြောက်ကိုရီးယားဟာ အမျိုးအမည်မသိ ဒုံးပျံတစင်းကို အရှေ့ဘက်ကို ပစ်လွတ်စမ်းသပ်ကြောင်း၊ အဲဒီဒုံးပျံဟာ ပင်လယ်ထဲသို့ ပျက်မကျမီ အချိန်အထိ အမြင့် ၇၇၀ ကီလိုမီတာနှင့် ၃၇၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒုံးပျံပစ်ခတ်မှုနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားဟာ အသေးစိတ်စုံစမ်းမှုလုပ်နေ တယ်လို့ ဆိုပါတယ်။ ဂျပန် NHK ရုပ်မြင်သံကြား သတင်းဌာနက ဟော့ကိုင်းဒိုးနဲ့ တိုဟိုကု ဒေသမှာ နေသူများကို ဗုံးကျင်း များအောက်မှာ ပုန်းခိုနေဖို့ ဆော်သြခဲ့ပါတယ်။ ဂျပန်အစိုးရက အရေးပေါ် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့ လုပ်နေပါတယ်။ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဟိဒီ ဆူကာ က မြောက်ကိုရီးယားရဲ့ ယခုစမ်းသပ်တဲ့ ဒုံးပျံဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ပစ်ခတ်တဲ့ ဒုံးပျံနဲ့ တူကြောင်း၊ ယခုကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်းဆိုပါတယ်။ ဒါပေမယ့်လည်း ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေဟာ လေပိုင်နက်ထဲဝင်ရောက်လာတဲ့ ဒုံးပျံကို ဖျက်ဆီးဖို့ မကြိုးစားခဲ့ဘူးလို့ သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးကလည်း ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေမှာ လူထုကို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ပေးနိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ ပြောခဲ့ပါတယ်။ မကြာသေးခင်က မြောက်ကိုရီးယားဟာ ၆ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့သလို၊ ဟိုက်ဒရိုဂျင်ဗုံး ပြုလုပ်နိုင်ပြီဆိုတဲ့ ပြောဆိုချက်များကြောင့် အမေရိကန်က ဦးဆောင်က ပိတ်ဆို့အရေးယူမှု အသစ်ချမှတ်ဖို့ ဆော်သြခဲ့တာဖြစ်ပါတယ်။ The post ကုလသမဂ္ဂ အရေးယူမှု အသစ် ဒုံးပျံပစ်လွတ်ကာ မြောက်ကိုရီးယား တုံ့ပြန် appeared first on ဧရာဝတီ.
Source : http://ift.tt/2ju7WN4
via IFTTT

No comments:

Post a Comment