မူးယစ်ဆေးဝါးက အင်မတန်မှ ခက်ခဲကြီးမားတဲ့ ပြဿနာကြီး ကချင်ပြည်နယ်အတွင်း အရပ်သားအစိုးရ တာဝန်ယူလိုက်သည့် တနှစ်ခွဲကာလအတွင်း ဘာတွေ လုပ်ဆောင်ဖြစ်သလဲ ။ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းကာလတွေမှာ ပြည်သူတွေအတွက် ဘာတွေ လုပ်သွားဖို့ အစီအစဉ်တွေ ရှိလဲ။ ပြည်သူတွေ စိုးရိမ်နေကြတဲ့ မြစ်ဆုံစီမံကိန်းကြီးကို ပြန်စဖို့ ဆိုပြီး ကောလာဟလတွေ ကြားနေတာ တကယ်ပဲလားဆို တာတွေကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့် တွေ့ဆုံစဉ် မေးမြန်းထားချက်များကို ဖော်ပြလိုက်သည်။ မေး ။ ။ ကချင်ပြည်နယ် အစိုးရရဲ့၁၈ လတာ ကာလတွင်းမှာ ဘာတွေ လုပ်ဖြစ်လဲ။ ဖြေ ။ ။ အဓိက ကတော့ အခြေခံဖွံ့ဖြိုးရေးကိုပဲ အဓိက လုပ်ဆောင်ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးပိုင်းမှာဆိုရင် လမ်းတံ တား၊ လျှပ်စစ်၊ လျှပ်စစ်ကြိုးတွေ သွယ်တန်းတယ်။ လျှပ်စစ်ဓာတ်ခွဲရုံတွေ လုပ်ပေးတယ်။ မီးလင်းရေးအတွက် ရွာ ၂၀၀ စွန်းစွန်းလေး မီးလင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကတော့ ၂၀၁၆-၁၇ ဘတ်ဂျတ် ကျနော်တို့ ရရှိတဲ့ ဘတ်ဂျတ်နဲ့ ဆောင်ရွက်ခဲ့တာပါ။ နောက် ဆွမ်ပရာဘွမ်လမ်း၊ အဲ ဒါလည်း ဘဏ္ဍာငွေ တော်တော်လေး ဝင်သွားတဲ့လမ်းကြီးပါ။ ပြည်ထောင်စုလမ်းကြီးပေါ့နော်။ အရင်က မိုးတွင်းဆိုရင် ဆိုင်ကယ်လည်း ဖြတ်သွားဖြတ်လာ လုပ်လို့ မရဘူး။ ခြေကျင်ပဲ သွားလို့ ရတဲ့လမ်းကြီးကို ကျနော်တို့က ၂၀၁၆-၁၇ ဘတ်ဂျတ်ကနေ လုပ်လာတာပါ။ ဒီနှစ်တော့ ကားတွေ မပျက်ဘူး။ မိုးတွင်းလည်း ကားတွေ မပျက်တော့ဘူး။ မေး ။ ။ ဝန်ကြီးတို့က အရပ်သားအစိုးရ စပြီး တာဝန်ယူချိန်မှာ ကချင်ပြည်နယ်အတွက်ဆိုရင် ဘာလုပ်ငန်းတွေ အရေးကြီးဆုံးလုပ်မယ်ဆိုပြီးတော့ ရည်မှန်းထားတာ ရှိပါသလဲ။ ဖြေ ။ ။ အဓိက က ငြိမ်းချမ်းရေးကတော့ ပြည်ထောင်စုကနေ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဖော်ဆောင်နေတာပေါ့လေ။ အဓိကကတော့ အန်ကယ်တို့က ငြိမ်းချမ်းရေး လို ချင်ပါတယ်။ နံပါတ် ၂ ကတော့ မူးယစ်ဆေးဝါးပါ။ အန်ကယ် မဲဆွယ်တရား ဟောတုန်းကတောင် အန်ကယ့်ကို မေးတယ်။ မူးယစ် ဆေးဝါးကြီးက အမျိုးသားရေးအသွင်နဲ့ကို တိုက်ဖျက်ရမယ်။ ဘာကြောင့်လည်းဆိုတော့ အင်မတန်မှ စိုးရိမ်ရတဲ့ အနေ အထားမှာ ရောက်နေတယ်။ ဘာကြောင့် ဒီလို ပြောလည်းဆိုတော့ အခု ငြိမ်းချမ်းရေးခရီးစဉ်မှာလည်း အကုန်လုံးကို ဒါပဲ ပြောတယ်။ ဘာကြောင့် ပြောရလဲဆိုရင် ဗန်းမော်ခရီးစဉ်မှာ ဗန်းမော်အကျဉ်းထောင်ကို အန်ကယ် သွားတယ်။ အကျဉ်းထောင်မှာ မေးကြည့် တော့ အကျဉ်းသား ဘယ်လောက်ရှိလဲဆိုတော့ ထောင်ပိုင်ကြီးကို အန်ကယ်မေးတော့ ၁၄၉၃ ယောက်လောက် ရှိတယ် တဲ့။ ဘာအမှုနဲ့ အကျဉ်းကျတာများလဲဆိုတော့ မူးယစ်ဆေးဝါးအမှုက ၁၄၉၃ ထဲမှာ ၁၂၀၀ ကျော်ရှိတယ်ဆိုတော့ ဒီဟာ က သိပ်ပြီးမကောင်းတဲ့ အနေအထားပေါ့လေ။ နောက်မြစ်ကြီးနား အကျဉ်းထောင်ကို သွားတယ်။ ၃၂၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ၂၈၀၀ ကျော်လောက်က မူးယစ်နဲ့ အကျဉ်းကျတာ။ ပြီးခဲ့တဲ့ လတ်တလောမှာ မိုးညှင်းသွားတယ်။ အုပ်ချုပ်ရေးမှူးပြောတယ်။ အကျဉ်းထောင်မှ ဆောက်ပြီးတာ မကြာ သေးဘူး။ ဖွင့်ပွဲတောင် မလုပ်ရသေးဘူး။ အကျဉ်းသားတွေက ပြည့်နေပြီ။ ၉၀ ရာခိုင်နှုန်းက မူးယစ်ဆေးဝါးနဲ့ ကျ တယ်။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ်ကိုရော တတိုင်းပြည်လုံးအတွက်ရော မူးယစ်ဆေးဝါးက အင်မတန်မှ ခက်ခဲကြီးမားတဲ့ ပြဿနာကြီး ဖြစ်နေတယ်။ ပြည်နယ်နဲ့နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှ စိုးရိမ်စရာ ဖြစ်တယ်။ အဲဒါကြောင့် အန်ကယ်က ဒါကို တတ်နိုင်သလောက် တိုက်ဖျက်နေတယ်။ ဖမ်းတယ်။ ဆီးတယ်။ ပြီးခဲ့တဲ့ မိုးညှင်းခရီး စဉ်တုန်းကလည်း သိန်းပေါင်း သုံးထောင်ကျော် ဖမ်းမိတယ်။ ဒါကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ ပေါ့လေ။ မေး ။ ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကချင်လူထု အခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) မူးယစ် ဆေး တိုက်ဖျက်တာ လုပ်ပေမယ့် ပစ်ခတ်ခံရတဲ့အထိ ဖြစ်ပြီး ရပ်သွားတယ်။ Pat Jasan အပေါ်မှာ ဝန်ကြီးချုပ်အနေနဲ့ ဘယ် လို မြင်ပါသလဲ ။ ဖြေ ။ ။ အန်ကယ်တို့ အနေနဲ့ကတော့ သူတို့လည်း ကောင်းတဲ့ အလုပ်လုပ်တဲ့အတွက် ဒီ Pat Jasan အဖွဲ့ကို အန် ကယ်တို့ အစိုးရက ပူးပေါင်းစေချင်တယ်။ ဥပဒေဘောင်အတွင်းမှာ ပိုပြီး ထိထိမိမိလေး တိုက်ဖျက်သွားဖို့။ ဒီမူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့ ဒီလိုရည်ရွယ်ထားပါတယ်။ သူတို့ကိုလည်း ခေါ်တာပေါ့လေ။ နောက်ပြီး တော့ ပြောရမယ်ဆို မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အန်ကယ်တို့က ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးဆိုပြီး ကော်မ တီတွေ ဖွဲ့ထားတယ်။ ဒီဟာတွေ အကုန်လုံး အချိတ်အဆက် မိမိနဲ့ ဆောင်ရွက်သွားရင် မူးယစ်ဆေးဝါးပြဿနာကို နှိမ်နင်းနိုင်မယ်။ နောက် Pat Jasan သူတို့လည်း သေချာ အန်ကယ်တို့နဲ့ ဥပဒေဘောင်အတွင်းမှာ ပူးပေါင်းလာမယ်ဆိုရင်တော့ ပိုပြီး ကောင်း တာပေါ့လေ။ မေး ။ ။ အထူးဒေသ (၁) မှာဆို ပြည်သူ့စစ်တွေက ဘိန်းစိုက်တဲ့ထဲ ပါဝင်နေတာကို ဝေဖန်မှုတွေ ရှိသလို သူတို့ ဘက် ကလည်း ဝန်ခံထားတာရှိတယ်။ ဒီအပေါ်မှာဆိုရင် အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်ရမလဲ။ ဖြေ ။ ။ အန်ကယ်တို့ အနေနဲ့ ရိုးရိုးသားသားပြောရမယ်ဆိုရင် နည်းနည်းခက်ပါတယ်။ ပြည်သူ့စစ်တို့ နယ်ခြား စောင့် တပ်တို့ ဆိုတာက တပ်မတော်နဲ့ပဲ ဆိုင်တာပေါ့။ အန်ကယ်တို့ တိုက်ရိုက်ကြီး သွားကိုင်တွယ်လို့ မရဘူး ဆိုတော့ အခက် အခဲ ရှိပါတယ်။ မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တွေ့တုန်းက စစ်ရှောင်တွေ ကိစ္စမှာ ကူ ညီဖို့ ပြည်နယ်အစိုးရနဲ့လည်း ချိတ်ဆက်လုပ်ရမယ်ဆိုတာတွေ ပြောထားတာရှိတော့ ကချင်ပြည်နယ် အစိုးရမှာ လုပ် ဆောင်ချက် ဘာတွေရှိလဲ သိချင်ပါတယ်။ ဖြေ ။ ။ အန်ကယ်တို့ကတော့ တောက်လျှောက် လူ/ကယ်ပြန်ကနေရော ဒီဟာကို အသေးစိတ်ဆိုရင်တော့ လူမှုရေး ဝန်ကြီးကို မေးရင်တော့ ပိုကောင်းပါတယ်။ နေရပ်ပြန်ရေးတို့ ဘာတို့ကတော့ အန်ကယ်တို့လည်း သူတို့ ဆန္ဒအတိုင်း လုပ်ပေးဖို့ အဆင်သင့် အနေအထားမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ကဆုန်လတုန်းကလည်း အန်ကယ်ကိုယ်တိုင်သွားပါတယ်။ သူတို့ရပ်ရွာကို ပြန်ပို့ပါတယ်။ အသေးစိတ်ဆိုရင်တော့ လူမှုရေးဝန်ကြီးကို မေးလို့ ရပါတယ်။ မေး ။ ။ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့အခြေအနေတွေရော ဘယ်လိုရှိပါသလဲ ။ ဖြေ ။ ။ မြစ်ဆုံအခြေအနေက အစီရင်ခံစာ မတင်ရသေးဘူး။ အဲဒီလောက်ပဲ ပြောလို့ရပါမယ်။ အစီရင်ခံစာ မတင်ရ သေးဘူး။ သမ္မတဆီကို အစီရင်ခံစာ တင်ပြီးတဲ့ နောက်မှပဲ ပြည်သူတွေ အားလုံးသိပါမယ်။ The post မူးယစ်ဆေးဝါးက အင်မတန်မှ ခက်ခဲကြီးမားတဲ့ ပြဿနာကြီး appeared first on ဧရာဝတီ.
Source : http://ift.tt/2fEP1La
via IFTTT
No comments:
Post a Comment