Sunday, September 17, 2017


ဈေးနှုန်းသင့်တင့်တဲ့ ဖုန်း ၆ မျိုး အမေရိကန် အခြေစိုက် Apple iPhone တွေနဲ့ ကိုရီးယား အခြေစိုက် Samsung ရဲ့နောက်ဆုံးထုတ် အကောင်းဆုံး မော်ဒယ် Galaxy Note 8 တန်ဖိုးမြင့် ဖုန်းတွေကို ဈေးကွက် ထဲ မှာ ဒေါ်လာ ၉၀၀ ကနေ ၁၀၀၀ ကျော် ဈေးနှုန်းနဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ တကယ်လို့ အဆိုပါ ဈေးနှုန်းက ဈေးများတယ် လို့ ထင်နေမယ် ဆိုရင် တခြား ဈေးသင့်သင့်နဲ့ ရနိုင်မယ့် ဖုန်းကောင်းကောင်းလေးတွေ အကြောင်း ပြောပြပါမယ်။ LG G6 ဈေးနှုန်းဒေါ်လာ ၆၀၀ ကနေ ၇၂၀ အတွင်း မော်ဒယ်ခွဲအပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက် ရှိနိုင်ပါတယ်။ ဖုန်းက မြင့် မြင့်၊ ဘေးဘောင်သားနည်းနည်းနဲ့ ဖန်တီးထားတဲ့ ဖုန်းပါ။ Galaxy S8 မော်ဒယ်နဲ့ စွမ်းဆောင်ရည်ချင်းဆင်ပါတယ်။ ဒါပေ မယ့် ဈေးချိုပါတယ်။ ကင်မရာပိုင်းမှာလည်း အထူးကောင်းမွန်ပြီး ကင်မရာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ဖုန်းလိုချင်သူတွေ စိတ်ကြိုက် ဖြစ် နိုင်ပါတယ်။ OnePlus 5 – 64 GB ဈေးနှုန်းဒေါ်လာ ၄၇၉ ရှိပြီး 128GB ဆိုရင်တော့ ၅၃၉ ဒေါ်လာဈေး ရှိပါတယ်။ ဈေးနှုန်းနဲ့ အလိုက်ဖက်ဆုံး အမြင့်ဆုံး အ ရည်အသွေးကို ပြသနိုင်နေတဲ့ ဖုန်းလို့ အားလုံးက သတ်မှတ်ထားတဲ့ မော်ဒယ်ပါ။ မျက်နှာသစ် ဖြစ်မေယ့် တော်တော်ကိုကောင်းပါတယ်။ Note 8 မော်ဒယ်ကိုတောင် အကောင်းဆုံးစွမ်းဆောင်ရည် ယှဉ်နိုင် တဲ့ မော်ဒယ်လို့ ဆိုရမှာပါ။ ကင်မရာ နှစ်လုံးထိုင်စနစ်၊ Snapdragon 835လို အထိုင်တွေ၊ အားသွင်းနိုင်မှု မြန်ဆန်ခြင်း၊ Memory နေရာ အများအပြား ပါရှိခြင်း၊ ဘက်ထရီသက်တမ်းရှည်ကြာအောင် သုံးနိုင်ခြင်းနဲ့ လက်ဗွေဖတ် စနစ်ကောင်း မွန် ခြင်းတွေက သဘောကျစရာ အားသာချက်တွေပါ။ Moto Z2 Force ဈေးနှုန်းဒေါ်လာ ၇၃၀ထိအောင် ရှိပါတယ်။ ဈေးမချိုပေမယ့် Motorola ထုတ်လုပ်သမျှ ဖုန်းတွေထဲမှာ အကောင်းဆုံး အ ရည်အသွေးပြနိုင်တဲ့ မော်ဒယ်တခုပါ။ 12 MP အားရှိ ကင်မရာထည့်ထားတယ်၊ Snapdragon 835 ကိုပဲ ထိုင်ထားတယ်၊ လက်ဗွေဖတ်စနစ်က မြန်ဆန်တယ်၊ Note 8မှာ S Penပါရှိမှု အားသာချက် ဖြစ်သလို Motoရဲ့မော်ဒယ်ကလည်း Shatter ကို ခံနိုင်ရည်ရှိတဲ့မျက်နှာပြင်စနစ်၊ ဘက်ထရီသက်တမ်း ပိုမို ရှည်ကြာအောင် အသုံးပြုနိုင်မှုလို အားသာချက်တွေနဲ့ ဖန်တီး ထားတာ တွေ့ရပါတယ်။ Moto Z2 Play ဒေါ်လာ ၄၉၉ရှိတဲ့ တန်ဖိုးသင့် မော်ဒယ်ပါ။ အထက်က Z2 Forceထက် ဈေးနှုန်းသက်သာသွားပေမယ့် ဘက်ထရီသက် တမ်းရှည်ကြာအောင် သုံးနိုင်တယ်။ တပ်ဆင်စနစ်နဲ့ ဖန်တီးမှု အားကောင်းလို့ ရေရှည်အတွက် စိတ်ချရမယ့် ဖုန်းတလုံး ဖြစ် လာပါတယ်။ Z2 Force မှာ ထည့်သွင်းဖန်တီးထားတဲ့ဖန်တီးမှု နီးပါးအတိုင်း ဖန်တီးထားပါတယ်။ ဒီဇိုင်းနဲ့ ကိုယ်ထည်ပိုင်း အနည်းငယ် အားနည်းချက် ရှိနိုင်လို့ တန်ဖိုးသင့်မော်ဒယ်အဖြစ် ရောင်းချလာတာ ဖြစ်ပါတယ်။ HTC U11 ဈေးနှုန်းဒေါ်လာ ၆၄၉ထိအောင် ရှိပါတယ်။ အရွယ်အစားနည်းနည်းတော့ ကြီးနေပေမယ့် သဘောကျစရာပါ။ ရေစိုခံ နိုင် မှုက စိတ်ဝင်စားစရာ ဖြစ်လာစေပါတယ်။ Google Pixel 2လို မော်ဒယ်နဲ့ ဖန်တီးမှုချင်းရောကိုယ်ထည်ပိုင်းပါ ဆင်တူပေ မယ့် ကင်မရာအားကောင်းလာမှုနဲ့ အတူ အခု နောက်ပိုင်းမော်ဒယ် နည်းနည်းကိုပဲ အကောင်းဆုံး ဖြစ်အောင် ထုတ်လုပ် လာတဲ့ HTCရဲ့ မော်ဒယ်က စိတ်ချယုံကြည်စရာ ဖြစ်လာစေပါတယ်။ iPhone SE – 16 GB ဒေါ်လာ ၃၉၉ ရှိပြီး 64GB ဆိုရင်တော့ ၄၉၉ ဒေါ်လာ ဈေးရှိမှာပါ။ ၂၀၁၇အတွက် Memory ပိုင်းအားထည့်ဖန်တီးမှု လုပ် ဆောင်ပြီးဈေးကွက် ဝင်လာတဲ့ iOS စနစ်သုံးမော်ဒယ်ပါ။ အခြား iPhone တွေထက်တော့ ဈေးချိုလာပါတယ်။ လက်ထဲမှာ ကိုင်တွယ် အသုံးပြုရအဆင်ပြေဆုံးအရင် iPhoneတွေရဲ့ မော်ဒယ်ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေထဲမှာတော့ နောက်ဆုံးထွက်နဲ့ အကောင်းဆုံးမော်ဒယ်လို့ သတ်မှတ်ရမှာပါ။ ၄လက်မ မျက်နှာပြင်၊ 3D Touch စနစ်လို ထိတွေ့ အသုံးပြုနိုင်မှု၊ ကိုယ်ထည်ပိုင်း အရောင်အသွေးစိုပြေလှပလာမှု၊ ရုပ် ထွက်ကောင်းမွန်လာတဲ့ကင်မရာစနစ်၊ ရုပ်ထွက်ကြည်လင်မှု၊ အားလုံးက သဘောကျစရာပါ။ http://ift.tt/2h8nW6B The post ဈေးနှုန်းသင့်တင့်တဲ့ ဖုန်း ၆ မျိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2h9UCZK
via IFTTT

No comments:

Post a Comment