Monday, September 18, 2017


ဦးဝီရသူ ပါသည့် ဘားအံ ဟောပြောပွဲ စီစဉ်သူများကို အရေးမယူတော့ဟုဆို ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေး နှစ်သစ် ကူးကွင်း၌ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သော ဆရာတော် ဦးဝီရသူ ပါဝင်သည့် အထူးဟောပြောပွဲကို ခွင့်ပြုချက် ရယူထားခြင်း မရှိဘဲ ပြုလုပ်ခဲ့သည့်အပေါ် ပွဲစီစဉ်သူများအား တရားစွဲဆို အရေးမယူရန် ဆုံးဖြတ်လိုက် ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မီဒီယာများသို့ ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အစည်းအဝေး တက်ရောက်လာစဉ် အထက်ပါကိစ္စကို ဧရာဝတီက မေးမြန်းခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဒီတခေါက်လည်း အားလုံးကို မေတ္တာရပ်ခံလိုက်ပါတယ်။ မလုပ်လိုက်ပါနဲ့။ အေးအေးဆေးဆေး သွားပါစေလို့။ နောက်တခေါက်တော့ မရတော့ဘူး။ အတိုင်းအတာတခုအထိ ရင်ထဲမှာ အရှိန်အဟုန်နဲ့ ဖြစ်နေတဲ့အချိန်မှာ လျှော့ ပေးလိုက်တာ။ အရေးမယူတော့ဘူး” ဟု ဒေါ်နန်းခင်ထွေးမြင့်က နေပြည်တော်တွင် သတင်းထောက်များကို ပြော သည်။ စက်တင်ဘာလ ၁၀ ရက်နေ့က ပရိသတ် ၄ သောင်း တက်ရောက်ခဲ့သည်ဆိုသော ဘားအံမြို့ တောင်ကလေး နှစ်သစ်ကူးကွင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ အထူးဟောပြောပွဲတွင် ဆရာတော် ဦးဝီရသူက NLD အစိုးရကို ဝေဖန် တိုက်ခိုက်ခဲ့သည့် ဟောပြောမှုများကို အများဆုံး ဟောပြောခဲ့သည်ဟု သိရသည်။ “အန်တီတို့က ရှေ့ဆက်လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။ ကရင်ပြည်နယ်မှာလည်း ဘာပြဿနာ ကြီးကြီး မားမားမှ မရှိဘဲ။ အန်တီတို့က နိုင်နိုင်နင်းနင်း ထိန်းနိုင်တဲ့အတွက်ကြောင့် ဆရာတော်တွေကိုလည်း အလွန်လို့ မပြောချင်ပါဘူး။ ဆရာတော်တွေမှာလည်း သူတို့မကျေနပ်တာ ရင်ထဲမှာ ရှိမှာပေါ့နော်။ ကိုယ့်တိုင်းရင်းသားတွေ ခံရ တာ၊ ရခိုင်တွေခံရတာဆိုတော့ ပေါက်ကွဲတဲ့ဟာတွေ ရှိတာပေါ့”ဟု ဒေါ်နန်းခင်ထွေးမြင့်က ဆက်လက်ပြောသည်။ ဟောပြောပွဲ အပြီး၌လည်း မြန်မာနိုင်ငံ၌ “ရိုဟင်ဂျာ” လူမျိုး လုံးဝ မရှိကြောင်း နိုင်ငံတော်အစိုးရက တရားဝင် ကြေညာ ပေးရန်နှင့် မွတ်စလင် စစ်သွေးကြွှ အုပ်စုများ အလျင်အမြန် ဖော်ထုတ် အရေးယူပေးရေးအတွက် ကရင်ပြည်နယ် မဘသအဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။ သို့သော် မကြာသေးမီက ပြုလုပ်ခဲ့သည့် မန္တလေးမှ မဘသဆရာတော်များနှင့် BBC တို့ တွေ့ဆုံမေးမြန်းရာတွင် ဆရာ တော်များက ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေးနှင့် ပတ်သက်သည့် ရပ်တည်မှုကို လက်ခံကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ အဆိုပါ မေးမြန်းမှုတွင် ဆရာတော် ဦးဝီရသူ ပါဝင်ခဲ့ခြင်း မရှိပေ။ The post ဦးဝီရသူ ပါသည့် ဘားအံ ဟောပြောပွဲ စီစဉ်သူများကို အရေးမယူတော့ဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2xbTpca
via IFTTT

No comments:

Post a Comment