အင်္ဂလိပ်စကားပြော မှန်ကန်တတ်မြောက်ဖို့ အရေးပါတဲ့အချက် ၁၀ ချက် နိုင်ငံတကာသုံး ဘာသာစကား အင်္ဂလိပ်စာဟာ ဒီနေ့ခေတ် မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ နိုင်ငံတကာ အနေအထား မှာ လူတိုင်း အနည်းဆုံး အခြေခံတော့ တတ်မြောက်ထားသင့်တဲ့ဘာသာစကား ဖြစ်လာပါတယ်။ အခု ပြောပြမှာကတော့ အင်္ဂလိပ်စကားပြောလေ့လာနေသူအတွက် အမြန်ဆုံး အင်္ဂလိပ်စကားပြော ကောင်းမွန်တိုးတက်လာ စေမယ့် အဓိက သတိပြုစရာ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ၁။ ပြောကျင့် လုပ်ပါ ကျနော်တို့တွေ အတတ်နိုင်ဆုံး လူတိုင်းနဲ့ တွေ့ချိန်တွေမှာ အင်္ဂလိပ်လို အတတ်နိုင်ဆုံး ရောနှော အသုံးပြုတာ၊ အင်္ဂလိပ်လို ချည်း သက်သက် မိမိ နားလည် သဘောပေါက်သလို ပြောဆိုတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါဟာ လေ့ကျင့်မှုတခု ဖြစ်စေပါတယ်။ လူအများစုကတော့ မိမိအနေနဲ့ အင်္ဂလိပ်ကောင်းစွာ တတ်မြောက်မှု မရှိသေးချိန်မှာ အင်္ဂလိပ်လို ပြောဆိုရမှာ စိုးရွံ့လေ့ရှိပေမယ့် တကယ်တော့ မိခင်ဘာသာစကား မဟုတ်တဲ့ အခြားဘာသာစကားတခုကို လေ့လာမှုအတွက် အမှားရှိခဲ့ရင် အခြားသူတွေက လှောင်ရယ်မှု ရှိလာမှာ မဟုတ်ပါဘူး။ တကယ်လို့ မိမိအား လှောင်သူ ရှိမယ်ဆိုရင်လည်း ရှက်နေစရာ မလိုဘဲ မိမိ တတ်မြောက်ဖို့သာ ဆက်လက် လေ့လာသင့် ပါတယ်။ မိမိ သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ အင်္ဂလိပ် တဦးတစ်ယောက်နဲ့ ဖြစ်စေ အတတ်နိုင်ဆုံး စကားပြောပါ၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရဲဝင့်လာပါလိမ့်မယ်။ နောက်ပြီး အမှားတွေကိုလည်း ကောင်းကောင်း သဘောပေါက်ပြီး တတ်မြောက်လာပါလိမ့်မယ်။ ၂။ နည်းပညာအကူအညီ ရယူပါ ဒီနေ့ခေတ်မှာတော့ မိမိကို ဘာသာစကား လေ့လာမှုအတွက် အကောင်းဆုံး အကူအညီပေးနိုင်မယ့်နည်းပညာကတော့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ လူတိုင်းလိုလိုမှာ စမတ်ဖုန်းရှိနေပါတယ်။ အသုံးပြုနေကြပါတယ်။ ဘာသာစကားလေ့လာမှုအပိုင်းမှာလည်း စမတ်ဖုန်းကို အကူအညီပေး ပစ္စည်း ဖြစ် သုံးနိုင်ပါတယ်။ စကားပြောတွေကို မှတ်သားထားနိုင်တယ်၊ ပြန်လည် နားထောင်နိုင်တယ်၊ အင်္ဂလိပ်သံ ပီပီသသကို နားထောင်ပြီး လေ့ ကျင့်စေနိုင်တယ်။ App အကူအညီနဲ့ စကားပြောလေ့ကျင့်နိုင်ပါသေးတယ်။ အကောင်းဆုံး အထောက်အကူပေးပစ္စည်းပဲ ဖြစ်ပါတယ်။ ၃။ နားထောင်ပါ နားထောင်ခြင်း အတတ်ပညာဟာ ဘာသာစကား တစ်ခုကို လေ့လာမှု အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါရှိနေ ပါ တယ်။ နားထောင်မှုစွမ်းရည်ကောင်းမွန်ပြီး ကောင်းစွာ သဘောပေါက်မှလည်း တဖက်လူရဲ့ဆိုလိုချက်ကို ကောင်းစွာ ပြန် ပြောနိုင်မှာ ဖြစ်ပါတယ်။ စကားပြောတတ်နေရုံနဲ့ မပြီးပါဘူး။ နားထောင်မှု စွမ်းရည် တိုးတက်အောင် အင်္ဂလိပ် စကားပြောတွေကို နားထောင်ပါ။ တဆက်တည်း အဆိုပါ စကားပြော တွေကို လိုက်လေ့ကျင့်ပါ။ နားထောင်နိုင်စွမ်းရော အပြောစွမ်းရည်ပါ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပြီး အလျင်အမြန် တတ်မြောက် အသားကျစေပါလိမ့်မယ်။ အထက်မှာ ပြောခဲ့သလို အခြားသူတယောက်နဲ့ စကား အပြန်အလှန်ပြောရင်း ဖြစ်စေ ပစ္စည်း အကူအညီနဲ့ ဖြစ်စေ နားထောင်မှု လုပ်နိုင်ပါတယ်။ ၄။ အသံကျယ်ကျယ် ထွက်ဖတ်ပါ သတင်းစား၊ မဂ္ဂဇင်းတွေကနေ နောက်ဆုံး စာအုပ်တွေထိအောင် အင်္ဂလိပ်လို အသံကျယ်ကျယ် ထွက်ဖတ်ပါ။ ဒါဟာ အပြန် အလှန် စကားပြောလေ့ မရှိသေးသူတွေရဲ့ ပထမဆုံး ခြေလှမ်းပါ။ မိမိပါးစပ်ကနေ အင်္ဂလိပ် အသံထွက်ကို ကောင်းကောင်း ရဲရဲ ထွက်တတ်လာစေပါတယ်။ တကယ်လို့ မိမိ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာ ကျွမ်းကျင်သူ ရှိမယ် ဆိုရင် အမှားပါခဲ့မယ် ဆိုရင် သူက ဝင်ပြီး အမှားတောင် ပြင်ပေးပါလိမ့်မယ်။ အသံကျယ် ကျယ် စာဖတ်ဖို့ မမေ့ပါနဲ့။ ၅။ စာလုံးအသစ်တွေကို နေ့တိုင်း မှတ်သားပါ သင် မသိသေးတဲ့ အင်္ဂလိပ်စကားလုံးတွေ အများအပြား ရှိနေမှာ အမှန်ဖြစ်ပြီး အဆိုပါ စကားလုံး အသစ်တွေကို မိမိ မှတ် သားနိုင်စွမ်း အပေါ်ကို မူတည်ပြီးတော့ တစ်ရက်ကို ၅လုံး၊ ၁၀လုံး စသဖြင့် မိမိ မှတ်သားနိုင်သလောက် မှတ်သားပါ။ စကားလုံး အသိကြွယ်ဝမှုဟာ အင်္ဂလိပ်သဒ္ဒါကို သင် ကောင်းကောင်း နားမလည်သိတိုင်အောင် ပြောဆိုဆက်ဆံမှုမှာ တ ဖက်လူ နားလည်အောင် ပြောဆိုတတ်စေနိုင်ပြီး နောက်ပိုင်းမှာ ကျွမ်းကျင် အဆင့်ထိအောင် တတ်မြောက်စေပါလိမ့် မယ်။ ၆။ ရုပ်သံဇာတ်လမ်းတွေကြည့်ပါ အထူးသဖြင့်တော့ အင်္ဂလိပ်လို ပီပီသသ နဲ့ ဖြည်းဖြည်းမှန်မှန်ပြောဆိုတဲ့ ဇာတ်ကားတွေကို ကြည့်သင့်ပါတယ်။ ပြီးတော့ အဆို ပါဇာတ်ကားတွေကို အင်္ဂလိပ် စာတန်းထိုးနဲ့ တွဲဖက် ကြည့်ပါ။ ဘယ်စကားလုံးကို ဘယ်လို အသံထွက်သွားသလဲ မှတ်သားပါ။ အကောင်းဆုံးက မှန်ကန်တဲ့ ဘာသာပြန် စာတန်းထိုး ပါရှိတဲ့ မြန်မာရော အင်္ဂလိပ်ပါ စာတန်းထိုးထားတဲ့ ရုပ်သံတွေ ကြည့်မယ်ဆိုရင် ပိုကောင်းပါတယ်။ ၇။ သူငယ်ချင်းတွေနဲ့ စုဖွဲ့လေ့လာပါ အဖွဲ့လိုက် ပြောဆို လေ့ကျင့်မှုဟာ ဘာသာစကား တစ်ခု လေ့လာမှုမှာ တတ်မြောက်မှု အမြန်ဆုံး နည်းလမ်း ဖြစ်စေတာ တွေ့ ရပါတယ်။ အပေါင်းအသင်းတွေ အချင်းချင်း လေ့လာရာမှာ ပွင့်လင်းတယ်၊ ပျော်မွေ့တယ်၊ နားလည်လွယ်တယ်၊ လေ့လာ လို စိတ် ပို အားကေင်းလာတတ်ပြီး အပြောလေ့ကျင့်တာပဲ ဖြစ်ဖြစ်၊ နားထောင်မှု စုဖွဲ့လုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ ရုပ်သံတွေ စုပြီး ကြည့်တာပဲ ဖြစ်ဖြစ်၊ မိမိ ဘာတွေကို အသစ် လေ့လာထားတယ် ဆိုတာကို အချင်းချင်း ပြန်လည်မျှဝေတာပဲ ဖြစ်ဖြစ် ကောင်း ပါတယ်။ ၈။ မိမိအားသန်ရာ ဦးတည်ချက်တခုကို အာရုံစိုက် လေ့လာပါ ဆိုလိုတာကတော့ သင့်အနေနဲ့ အချက်အပြုတ်ပညာလား၊ စီးပွားရေး ပညာလား ဆိုတဲ့ မိမိစိတ်ဝင်စားတဲ့ ခေါင်းစဉ်တခုကို ဦးဆုံး စဉ်းစားပြီး ရရှိလာတဲ့ ခေါင်းစဉ်အောက်ကနေ လိုက်ပြီး လေ့လာမှု ပြုပါ။ ရှိသမျှ အင်္ဂလိပ်စာအားလုံးကို လေ့လာမှုထက် အာရုံစိုက်ရမှု အားနည်းလျော့ကျသွားပြီး ဥပမာ အချက်အပြုတ်နဲ့ ပတ်သက် တဲ့ အကြောင်းကိုလေ့လာမယ်ဆိုရင် အားလုံးကို မှတ်သားနေရတာထက် အသား၊ ငါး အမည်တွေ၊ အိုး၊ ခွက်၊ ပန်းကန် အ မည်တွေ၊ ဟင်းအမည်တွေကို လေ့ လာရမယ်၊ အဲဒီကနေမှ တဆင့်တက်ပြီး အခြား အင်္ဂလိပ်စာတွေကို လေ့လာမှတ်သား လာစေနိုင်မှာ ဖြစ်ပါတယ်။ ၉။ စုပေါင်းဆွေးနွေးမှု ရှိပါ အထက်မှာ ပြောခဲ့တဲ့ သူငယ်ချင်းတွေနဲ့ စုဖွဲ့ လေ့လာမှုပုံစံပါပဲ။ ဒါပေမယ့် အခု စုပေါင်းဆွေးနွေးမှုကတော့ ပြိုင်ပွဲပုံစံ တဦး ချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ၊ စကားရည်လုပွဲမျိုး၊ စကားလုံးဆက် ကစားနည်းမျိုးနဲ့ ယှဉ်ပြိုင် လေ့လာမှုပုံစံ လုပ်ဆောင် လေ့လာပါ။ ၁၀။ အဘိဓာန်သုံးပါ အထက်မှာ ပြောခဲ့သလို စကားလုံးတွေကို သိထားခြင်းက သဒ္ဒါကို ကောင်းကောင်း နားမလည်သည့်တိုင်အောင် စကား ပြော ဆို ဆက်ဆံလို့ ရစေပါတယ်။ ဒီအတွက် လက်ထဲမှာ အဘိဓာန်ကို ကိုင်ထားပါ။ နေ့စဉ် စကားလုံးအသစ်တွေကို လောဘမကြီးဘဲ မိမိ နိုင်သလောက် လေ့ လာပါ။ အားလပ်ချိန်အများစုကို အဘိဓာန်နဲ့ အချိန်ကုန်နေစေတာ အကောင်းဆုံး ဖြစ်ပါတယ်။ http://ift.tt/2exEMqV The post အင်္ဂလိပ်စကားပြော မှန်ကန်တတ်မြောက်ဖို့ အရေးပါတဲ့အချက် ၁၀ ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2wjwJJw
via IFTTT
No comments:
Post a Comment