Friday, September 22, 2017


ပအိုဝ်းလက်နက်ကိုင်အဖွဲ့မှဆိုသူကို လက်နက်၊ မူးယစ်ဆေးတို့နှင့်အတူ ရန်ကုန်တွင်ဖမ်းမိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့မှဟု ပြောဆိုသူတဦးကို ပစ္စတို သေနတ် တလက်၊ မူးယစ် ဆေးဝါးအချို့တို့နှင့်အတူ အင်းစိန်မြို့နယ်အတွင်း စက်တင်ဘာ ၂၁ ရက်နေ့ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အင်းစိန်မြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက ပြောသည်။ ခွန်မင်းဦးဆိုသူမှ ၎င်းသည် PNLO အဖွဲ့မှ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး တာဝန်ခံ တဦး ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စော်ဘွားကြီးကုန်းရပ်ကွက်ရှိ Air Port Inn တွင် တည်းခိုစဉ် ၎င်းကို အနက်ရောင် ပစ္စတိုတလက်၊ ကျည်အိမ်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံးတလုံး၊ Ice ဟုယူဆရသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြား အချို့နှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က “သူကိုယ်တိုင်က PNLO အဖွဲ့ကလို့ပြော တယ်၊ ဖမ်းမိတာတွေနဲ့ပတ်သက်ပြီး ကောင်မလေးနဲ့မဆိုင်ဘူးလို့ ထွက်ဆိုလို့ သူတယောက်ကိုပဲ ဖမ်းထား တယ်”ဟု ဧရာဝတီသို့ပြောသည်။ ဖမ်းဆီးခံထားရသူ ခွန်မင်းဦးဆိုသူသည် PNLO အဖွဲ့တွင် တာဝန်ပေးအပ်ထားသူ မဟုတ်သည့်အပြင် အဖွဲ့ ဝင်တဦးလည်း မဟုတ်ကြောင်း PNLO အဖွဲ့မှ နာယကတဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်တာပါပဲ၊ အရင်ကလည်း အဖွဲ့နာမည်နဲ့ လုပ်တာ တွေ မကြာခဏ ကြားရပါတယ်၊ အခုမှ အမှုကထွက်လာတာပါ၊ ဥပဒေနဲ့အညီလုပ်ဖို့လည်း တိုက်တွန်းသွားမှာပါ”ဟု ဧရာဝတီသို့ပြောသည်။ PNLO အနေဖြင့် ၂၀၁၃ မတ်လတွင် ထိုင်းမှ တဆင့်မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ပြန်လည်ဝင် ရောက်စဉ် ခွန်မင်းဦးအား တာဝန် တကြိမ် ပေးဖူးကြောင်း၊ ယင်းနောက်တွင် အကူအဖြစ်လိုက်ပါကာ မူးယစ် ဆေးသုံးစွဲခြင်းနှင့် လိမ်လည်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းကတည်က အဖွဲ့နှင့်မပတ် သက်ရန်ပြောကြားခဲ့ပြီး ၎င်းနှင့်လမ်းခွဲခဲ့ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ရှင်းပြသည်။ အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူအချို့မှ PNLO ထံသို့ဆက်သွယ်စုံစမ်းမှုများလည်း ပြုလုပ်ခဲ့ပြီး ခွန်မင်းဦးအနေဖြင့် အဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း ထုတ်ပြန်ရှင်းလင်းရန် PNLO အနေဖြင့် လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် လက်နက်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသည့် ခွန်မင်းဦးကို အင်းစိန်မြို့မရဲစခန်း မယ(ပ) ၆၇/ ၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂ (ခ) ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ The post ပအိုဝ်းလက်နက်ကိုင်အဖွဲ့မှဆိုသူကို လက်နက်၊ မူးယစ်ဆေးတို့နှင့်အတူ ရန်ကုန်တွင်ဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2xkggot
via IFTTT

No comments:

Post a Comment