Thursday, September 14, 2017


ရခိုင်အရေး ကုလသမဂ္ဂ စိုးရိမ်ကြောင်း ထုတ်ပြန် ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မနေ့ကတံခါးပိတ်ဆွေးနွေးခဲ့ရာမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိကြောင်း ကြေညာ ချက်ထုတ်ပြန် ပါတယ်။ ၁၅နိုင်ငံပါတဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးမှာ အကြမ်းဖက်သမာေးတွရဲ့ တိုက်ခိုက်ခံရမှုအပြီး ဒေသလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်ကိုင်ရာမှာ အလွန်အကျွံအင်အားသုံးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ အရပ်သားတွေကို အကာအကွယ် ပေးဖိုနဲ့ မူလအခြေအနေ ပြန်လည်ရောက်ရှိလာဖို့ တို့ကို တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင် စတဲ့မြို့နယ်တွေက ရဲကင်းတွေ၊ ရဲစခန်းတွေကိုသာမက ဒေသခံ ရခိုင်၊ မြို၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေကို လူစုလူဝေးနဲ့ တိုက်ခိုက် သတ်ဖြတ် မီးရှို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ မွတ်ဆလင် ၃သိန်း၇ သောင်း ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် သတင်းတွေက ဆိုပါတယ်။ ရခိုင်ပဋိပက္ခ ဖြစ်ပွားပြီးနောက် သြဂုတ်လ ၃၀ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင် ခရော့ဖ်ရဲ့ တိုက်တွန်းချက်အရ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တံခါးပိတ် အစည်းအဝေး ဆွေးနွေးခဲ့သော်လည်း မည်သည့် ကြေညာချက်မျှ မထုတ်နိုင်ခဲ့ပါဘူး။ ယခုတကြိမ်မှာလည်း ဗြိတိန်နဲ့ ဆွီဒင်က ဦးဆောင်ပြီး ရခိုင်အရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ ဆော်သြခဲ့တာဖြစ်ပါတယ်။ The post ရခိုင်အရေး ကုလသမဂ္ဂ စိုးရိမ်ကြောင်း ထုတ်ပြန် appeared first on ဧရာဝတီ.
Source : http://ift.tt/2fkvD61
via IFTTT

No comments:

Post a Comment