Thursday, September 1, 2016

7Day News Journal

ပုဂံရှေး ဟောင်းမြို့တော် ပြန်လည်မွမ်းမံ ရန် ကူညီလှူဒါန်းငွေသည် ကျပ် ၁ဒသမ၄ ဘီလီယံကျော်ရှိသော်လည်း ဘဏ်ငွေစာရင်းတွင်မူ ကျပ်သန်းခြောက်ရာခန့်သာရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ ‘‘ဟုတ်ပါတယ် ခင်ဗျာ။ ပွဲ မှာ လှူခဲ့ပေမယ့် မရောက်သေးတဲ့ အလှူငွေလည်း ရှိပါသေးတယ်။ ငွေတွေကိုတော့ ကမ္ဘောဇဘဏ် အကောင့်ထဲမှာ သိမ်းထားပါ တယ်။ ဘဏ်အကောင့်ထဲမှာရှိတဲ့ ငွေက သိန်းခြောက်ထောင်ပဲရှိပါ သေးတယ်’’ဟု အဆိုပါငွေကြေး များကို ထုတ်ခွင့်ရသည့် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦး၀င်းမြင့်ခိုင်က အ တည်ပြုပြောကြားသည်။ ပုဂံရှေးဟောင်းနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ယိုးယွင်းခဲ့သော ဘုရား၊ ပုထိုးစေ တီများပြုပြင်ရန် ကူညီထောက်ပံ့ထားသည့် ငွေကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ကွပ်ကဲမည်ဖြစ်ပြီး ငွေကြေးအထုတ်အသွင်းကို ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး၀င်းမြင့်ခိုင်နှင့် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးတို့၏ လက်မှတ်ဖြင့် ထုတ်ခွင့်ပေးထားသည်။ ယခု လက်ရှိတွင် ပုဂံရှေးဟောင်း မြို့မွမ်းမံရေးအတွက် ပညာရှင်များနှင့် ၀န်ထမ်းများ အသုံးပြုမည့် လုပ်ငန်းခွင်သုံးပစ္စည်း များနှင့် မိုးကာများ၊ ရှေးဟောင်း နံရံဆေးပန်းချီ ထည့်မည့်ပုံများ၊ မိုးကာချုပ်စက်များ၊ ဓာတ်ပုံ မှတ် တမ်းများသိမ်းဆည်းရန် External Harddisk များကို အရပ်ဘက် ပရဟိတ အဖွဲ့အစည်းများက ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနအား ထောက်ပံ့ ကူညီလျက်ရှိသည်။ နောက်ဆုံးရရှိထားသော သတင်းအရ ပုဂံရှေးဟောင်းမြို့တော်မွမ်းမံရန် ထောက်ပံ့ထားသည့် ကျပ်သန်း ၆၀၀ မှ မိုးကာများငြမ်းစင်ခြင်း၊ ပြုပြင်ရေးစရိတ်များအတွက် ကျပ်သိန်း ၁၀၀ ထုတ်သုံးထားကြောင်း ဦး၀င်းမြင့်ခိုင်က ပြောသည်။
Source : http://ift.tt/2bEL44j
via IFTTT

No comments:

Post a Comment