Thursday, September 1, 2016

Eleven Media Group

မလေးရှားတွင် ဇီကာရောဂါပိုး ပထမဆုံး ကူးစက်မှုဖြစ်ပွား မလေးရှားတွင် ဇီကာရောဂါပိုးကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ကျန်းမာရေး၀န်ကြီးဌာနက စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဇီကာကူးစက်မှု ၁၀၀ ကျော် ဖြစ်ပွားခဲ့သည့် အိမ်နီးချင်းစင်ကာပူသို့ သွားရောက်စဉ် အသက် ၅၈ နှစ်ရှိ မလေးရှား အမျိုးသမီးတစ်ဦးသည် ဇီကာ ကူးစက်ခံခဲ့ရကြောင်း ယင်း၀န်ကြီးဌာနက ဆိုသည်။ ယင်းအမျိုးသမီးသည် ဇီကာ ရောဂါ ကူးစက်ခံထားရသည်ဟု အတည်ပြုထားသော စင်ကာပူရှိ ၎င်း၏သမီးဖြစ်သူထံ ဩဂုတ်လ နှောင်းပိုင်းက ခေတ္တ သွားရောက်ခဲ့ကြောင်း ယင်း၀န်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ “ကူးစက်ခံခဲ့ရတဲ့ရင်းမြစ်က စင်ကာပူမှာ ဖြစ်ပွားခဲ့တယ်လို့ သံသယရှိပါတယ်” ဟု ယင်း ကြေညာချက်ကဆိုသည်။ သတင်း အပြည့်အစုံ ဖတ်ရှုရန် - - - >>> http://ift.tt/2bVWd6f
Source : http://ift.tt/2bVWd6f
via IFTTT

No comments:

Post a Comment