Friday, September 2, 2016

7Day News Journal

အူရီးဒူးဆင်းမ်ကတ် အ သုံးပြုသူများသည် ၎င်းတို့၏ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ အခမဲ့စစ်ဆေးနိုင်မည့်စနစ်ကို သြဂုတ် ၃၀ ရက်က စတင်မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ အူရီးဒူးဆင်းမ်ကတ် မှတ်ပုံ တင်ထားခြင်းရှိ၊မရှိကို *666# သို့ခေါ်ဆို၍ အခမဲ့စစ်ဆေးနိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက နီးစပ်ရာအူရီးဒူးအရောင်းဆိုင်များသို့ သွားရောက်မှတ်ပုံတင်ရန်လိုအပ် ကြောင်းယင်းကုမ္ပဏီက သတင်း ထုတ်ပြန်သည်။ အဆိုပါ *666# သို့ ၂၄ နာရီခေါ်ဆိုနိုင်ရန် စီစဉ်ထားပြီး မှတ်ပုံတင်ထားခြင်းမရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင် စသည့် သက်သေခံကတ်ပြားမိတ္တူတစ်ခုဖြင့်ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည်ဟု အူရီးဒူးမြန်မာက ကြေညာထားသည်။ အူရီးဒူးမြန်မာအသုံးပြုသူ များ၏ ၇၅ ရာခိုင်နှုန်းခန့်သည်မှတ် ပုံတင်ထားပြီးဖြစ်ကြောင်း အမှု ဆောင်အရာရှိချုပ် မစ္စတာ ရီနေး မီဇာက ထုတ်ဖော်ပြောကြားထား ပြီး သုံးစွဲသူများ လွယ်ကူစွာ မှတ် ပုံတင်နိုင်ရန် အွန်လိုင်းစနစ်ကို လည်း အကောင်အထည်ဖော်မည် ဟု ဆိုသည်။ အမ်ပီတီဆင်းမ်ကတ်အသုံး ပြုသူများအနေဖြင့် လက်ရှိအချိန် ၌ ၎င်းတို့၏ အမည်ပေါက်မဟုတ် ပါက မှတ်ပုံတင်ရန်လိုအပ်ကြောင်း သတင်းထုတ်ပြန်ထားပြီး တယ် လီနောဆင်းမ်ကတ်အသုံးပြုသူ များအနေဖြင့်လည်း နီးစပ်ရာ တယ်လီနောအရောင်းဆိုင်များသို့ သွားရောက်ကာ မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ မိုဘိုင်းဖုန်းအ သုံးပြုသူအားလုံးသည် ဆင်းမ်ကတ်စတင်ဝယ်ယူစဉ်က မှတ်ပုံတင်ပြုလုပ်ထားခြင်း မရှိပါက ၂၀၁၇မတ်လကုန်နောက်ဆုံးထား၍ မှတ်ပုံတင်ရန်လိုအပ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက ဆက်သွယ်ရေးဝန်ဆောင်မှု ယာယီဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁ရက်ကကြေညာထားသည် @LH
Source : http://ift.tt/2cv5ouZ
via IFTTT

No comments:

Post a Comment