Friday, September 2, 2016

7Day News Journal

စင်ကာပူရောက် မြန်မာနိုင်ငံသား တစ်ဦး ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရ စင်ကာပူနိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ ၁၁၅ ဦးအနက် ၅၇ ဦးသည် ပြည်ပနိုင်ငံများမှဖြစ်ကြောင်း စင်ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြထားသည်။ရောဂါပိုးကူးစက်ခံရသည့် စင်ကာပူရောက် နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား ၂၃ ဦး၊ အိန္ဒိယနိုင်ငံသား ၁၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦး၊ မလေးရှားနိုင်ငံသား ခြောက်ဦးအပြင် အင်ဒိုနီးရှား၊ တိုင်ပေနှင့် မြန်မာနိုင်ငံတို့မှ တစ်ဦးစီ စုစုပေါင်း ၅၇ ဦး ရောဂါကူးစက်ခံရကြောင်း CNAက ဆက်လက်ဖော်ပြထားသည်။ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ‘‘ဆေးရုံက ရတဲ့သတင်းလို့ သိရပါတယ်။ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် သံရုံးက သေချာ အတည်ပြုချက် ယူနေပါတယ်’’ ဟု ပြောသည်။ မြန်မာနိုင်ငံသို့ အဆိုပါရော ဂါပိုး ကူးစက်ဝင်ရောက်လာခြင်း မရှိစေရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် အဖျားတိုင်း တာစက်များဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံ ခြုံရေးရဲအရာရှိတစ်ဦးက ပြော သည်။ ‘‘အခု မြန်မာဖြစ်နေပြီဆို တော့ ကြောက်နေတာပေါ့။ အခု က လူတိုင်းလို ဖြစ်နေတာ။ မြန်မာတွေ ဘုရားသောက်တော်ရေ တောင် မကပ်ကြတော့ဘူး။ ခြင် အန္တရာယ်ကို ကြောက်လို့လေ’’ဟု စင်ကာပူရောက်မြန်မာလုပ်သား များအရေး ကူညီဆောင်ရွက်ပေး နေသော မအိမ့်သန္တာထွန်းက ပြောသည်။ ယင်းပိုးကူးစက်ခံထားရ သော ကိုယ်ဝန်ဆောင်မိခင်များ သည် ဦးနှောက်နှင့် ဦးခေါင်းသေး သောကလေးများမွေးဖွားခြင်း၊ ကူးစက်ခံရသူများတွင် အာရုံ ကြောဆိုင်ရာရောဂါဖြစ်ပွားမှုများ ပြားလာခြင်းနှင့် နိုင်ငံတကာသို့ လျင်မြန်စွာ ကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိ ပေးထားသည်။ ဇီကာဗိုင်းရပ်စ်သည် အေး ဒိစ်ခြင်ကျားကိုက်ခံရခြင်းမှတစ် ဆင့် ကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အရေပြားတွင် အနီရောင်အကွက် အစက်များထွက်ခြင်း၊ မျက်စိနာ ခြင်း၊ မျက်သားနီ၍ ရောင်ရမ်း ခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ် များကိုက်ခဲခြင်း စသည်တို့ဖြစ်ပြီး ယင်းလက​္ခဏာများကို နှစ်ရက်မှ ခုနစ်ရက်အထိ ခံစားရလေ့ရှိ သည်။ ယင်းရောဂါပိုးကူးစက်ခံရ သူ ငါးဦးလျှင် လေးဦးမှာ ရောဂါ လက္ခဏာပြလေ့ မရှိကြောင်း ဆရာဝန်ကြီးအချို့က ပြောကြား သည်။ ဇီကာဗိုင်းရပ်စ်ကို ကုသရန်ဆေးမရှိသေးသောကြောင့် ကာကွယ်ခြင်းမှာ အကောင်းဆုံးဖြစ်ပြီး အိမ်တွင် ခြင်မပေါက်အောင်ဆောင်ရွက်ရန် ကိုယ်ဝန်ဆောင်မိခင်များ ရောဂါဖြစ်ပွားသော နိုင်ငံသို့ သွားရောက်ခြင်းရှောင်ကြဉ်သင့်သည်။ အဆိုပါ ဇီကာဗိုင်းရပ်စ်ပိုး သည် အာဆီယံဒေသအတွင်း စင် ကာပူအပြင် မြန်မာရွှေ့ပြောင်းလုပ် သားအများအပြား သွားရောက် လုပ်ကိုင်နေသော ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မလေးရှားတို့တွင်လည်း ဖြစ်ပွားလျက်ရှိသည်။ စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား တစ်သိန်း ခြောက်သောင်းခန့် ရောက်ရှိနေကြသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော အေးဒိစ်ခြင် (Aedes Aegypti) များမှတစ်ဆင့် ကူးစက်သော ဇီကာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း၅၈ နိုင်ငံတွင်ဖြစ်ပွားနေသည် ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC)က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင်လည်း ဇီကာဗိုင်းရပ်စ်ကူးစက်မှုများရှိနေသည်။မလေးရှားနိုင်ငံတွင်ရောဂါကူးစက်ခံရသူ တစ်ဦးရှိကြောင်း မလေးရှားအစိုးရက အတည်ပြုထားသည်။ @LH
Source : http://ift.tt/2c9l7wf
via IFTTT

No comments:

Post a Comment